Part 9 { If I Wrong }

Start from the beginning
                                        

ထို့အတွက်ကြောင့်လဲ ထိုအကြောင်းအရာကို အခွင့်ကောင်းယူပြီး သူ Soung Sorri ကို မုန်းတီးစေဖို့ စိတ်နာစေဖို့  ကြံရွယ်ခဲ့သည် ။

Section A က အပေါင်းအဖော်တချို့နဲ့ လက်ဝါးချင်းရိုက်ထားသော အသေးစား ဖန်တီးမှုလေး ။ ဒါပေမဲ့ မာနကြီးသူ အချေကိုယ်လူချောအတွက်ဆို တချက်ထဲနဲ့တင် ထိသွားနိုင်မည်မှာ သေချာသလောက်။

ကျောင်းဆင်းချိန် Section A အခန်းဆီသို့ သူသွားတာမြင်သည်နှင့် တပြိုင်နက် ကြံရာပါ အပေါင်းအဖော်တွေဆီ ဖုန်းလှမ်းဆက်ပြီး အချိန်ကိုက် လှုပ်ရှားဖို့ အချက်ပေးလိုက်လေပြီ ။

သူ့နောက်မှ အခြေအနေကို အကဲခတ်ရန်တော့ အသာလိုက်လာခဲ့သည်။

လက်ထဲတွင် ကိုင်ထားသည့် တပွင့်တည်းသော နှင်းဆီနီလေးကို နမ်းရှိုက်ရင်း တက်ကြွသော ခြေလှမ်းတွေနဲ့ Section A သို့ သွားနေသည့် Yoongi ။

"ဘာလဲ .... သူမကို ပန်းလက်ဆောင်ပေးမလို့လား??"

"မင်းတစ်ယောက်ထဲကိုပဲ အမြဲထာဝရ ချစ်နေမယ် လို့ အဓိပ္ပာယ်ရှိတဲ့ တပွင့်တည်းသော နှင်းဆီနီကို လက်ဆောင်ပေးရင်း သူက ချစ်ခွင့်ပန်တော့မလို့လား ?? "

"မဟုတ်ဘူး အဲ့လိုမဖြစ်စေရဘူး။ စောင့်ကြည့်နေလိုက်ပါ ရှင်ထင်သလို ဖြစ်လာပါ့မလားဆိုတာကို "

ကျောင်းကော်ရစ်တာ လမ်းထက်တွင်တော့ ပြုံးနေတဲ့ကောင်လေးတစ်ယောက်နဲ့ သူ့နောက်တွင် မဲ့ရွဲ့ပြီးကြည့်နေသော ကောင်မလေးတစ်ယောက် ရှိခဲ့ကြသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Soung Sorri Pov:

"ဟေ့ Sorri .... နင် နဲ့ Yoongi က ဘယ်အခြေအနေရောက်နေကြပြီး ဘယ်လိုပက်သက်နေကြတာလဲ"

ထွေထွေထူးထူး စကားမပြောစဖူး အထူးအဆန်း စကားလာပြောနေကြသည့် အခန်းထဲက  အော်ကြောလန်  ၃ ယောက် ။ စပ်စပ်စုစုနဲ့ လာမေးနေတာ အမြင်ကပ်စရာ ။ အထက်စီးဆန်လွန်းလို့ တခန်းလုံးနဲ့ မတည့်တာ အသိသာကြီး ။

"ဘယ်အခြေအနေရောက်ရမှာလဲ သူက ငါနဲ့က အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေဆိုတာ တကျောင်းလုံး အသိပဲကို "

အချစ်ဆုံးလို့ ခေါ်ဦးမှာလားWhere stories live. Discover now