💝💓သိပ်မြတ်နိုးရက်နဲ့ နာကြဉ်းခဲ့တာလား
အချစ်ရဆုံးသူ။
သိပ်ချစ်ရက်နဲ့ မုန်းတီးခဲ့တာလား
အချစ်ရဆုံးသူ။
ဒါပေမဲ့
နီးနေရက်နဲ့ ဝေးစေဖို့တော့
ထားရစ်လို့ မသွားဘူးမလားဟင်
အချစ်ရဆုံးသူ ။💓💝
တဖက်ခုံတန်းဆီက တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ထားတဲ့ ချစ်သူနှစ်ယောက်ကို ကြည့်ရင်း ဒေါသတွေအလိပ်လိုက်တက်နေသည်မို့ လက်သီးကို ခပ်တင်းတင်းဆုပ်ရင်း စိတ်ဖြေနေပုံရသည့် မိန်းကလေးတစ်ယောက် ရှိခဲ့သည်။
"Yoongi ...."
ဟိုအရင်တုန်းက ရှင်ရဲ့ အချစ်တွေကို မြိုသိပ်ထားနိုင်ခဲ့သလောက် ဟန်ဆောင်ကောင်းခဲ့သလောက် အခုတော့ ဘယ်လိုမှ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘူးပေါ့လေ ....။
"ဟင့်အင်း မရဘူး"
ဟိုအရင်ကလို Soung Sorri ကို စိတ်နာနေတဲ့ Min Yoongi ပဲ ဖြစ်နေရမယ် .....။ အချစ်တွေပြည့်နေတဲ့ Min Yoongi ဘယ်တော့မှ မဖြစ်စေရဘူး ....။
စောင့်ကြည့်နေပါ...။
"Min Yoongi ဆိုတာ Lee Mi Hwa အပိုင်ပဲဖြစ်ရမယ်"
မျက်တောင်မခတ်ပဲ စူးစိုက်ကြည့်ရင်း အံ့ကြိတ်ကာ ပြောနေတဲ့သူမ ...။
ပေါက်ကွဲထွက်တော့မဲ့ မီးတောင်အလား သူမ စိတ်ထဲဝယ် လောဘဒေါသ မာန်မာနတွေနဲ့ လောင်မြိုက်နေတယ်ဆိုတာကို တင်းမာနေတဲ့ မျက်နှာသွင်ပြင်အနေအထားက သရုပ်ဖော်ပြနေသည်။
ဒါပေမဲ့
ဒေါသမျက်လုံးတွေနဲ့ ကြည့်နေရာမှ နီနီရဲရဲနှုတ်ခမ်းပါးလေးက ခပ်ဟဟပွင့်လာကာ တစုံတခုကို အတွေးရလိုက်မိ၍ထင် Drama ဇာတ်လမ်းထဲက ဗီလိန်တယောက်ရဲ့ အပြုံးမျိုးဖြင့် ရွဲ့တဲ့တဲ့ ပြုံးလာလေသည် ။
"ဟိုတုန်းကတောင် ရှင့်ကို ကျွန်မလူ ဖြစ်အောင် လုပ်နိုင်ခဲ့သေးတာပဲ အခုလဲ မဖြစ်နိုင်စရာ မရှိပါဘူး ဟဟဟဟဟဟဟ "
ခပ်တိုးတိုးပြောရင်း ခပ်ညှင်းညှင်းရယ်သံနဲ့အတူ သူမအတွေးက အတိတ်နေ့ရက်တနေ့က အဖြစ်အပျက်တခုစီသို့ ..........။
YOU ARE READING
အချစ်ဆုံးလို့ ခေါ်ဦးမှာလား
RomanceMin Yoongi × Soung Sorri (Reader) ပြောပြပေးပါ ~~ သူ့နှုတ်က ထွက်ကျလာခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ "အချစ်ဆုံး" ဆိုတဲ့စကားလေးကို သတိတရ လွမ်းဆွတ်. . တမ်းတနေတယ်ဆိုတာကို . . .။ သိချင်ပါတယ် Min Yoongi ရယ် #အချစ်ဆုံးလို့ ခေါ်ဦးမှာလား#
