_____________________________________
"လွန်ခဲ့သော အတိတ်"
Lee Mi Hwa Pov:
MinYoongi ဆိုတဲ့ ခပ်ချေချေမျက်နှာထားနဲ့ ဂျစ်တီးဂျစ်ကန်စတိုင်ကောင်လေးတစ်ယောက် ။
ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူထင်ရာ သူမှန်ရာကို သူ့စိတ်ကြိုက်လုပ်မဲ့ဟန်ပန်ရှိတဲ့ ထိုလူသား။
ကိုယ့် Idol Type မို့ သူ့ကို အလယ်တန်းကထဲက သဘောကျနှစ်သက်ပြီး အရိပ်တကြည့်ကြည့်နဲ့ ခိုးချစ်ရင်း Crush လာခဲ့မိတာ အထက်တန်းရောက်သည်အထိ ။ ဒါပေမဲ့ အနှီလူသားက Lee Mi Hwa ဆိုသော သူမ ဒီကမ္ဘာပေါ်တွင် တည်ရှိနေသည်ဆိုတာကိုတောင် သိပုံမပေါ်။
ကံကောင်းထောက်မစွာ အတန်းခွဲသည့်အချိန် Section C အခန်းထဲသို့ သူနှင့် အတူတူ ရောက်ရှိခဲ့ ပါသော်လည်း ကံမကောင်းသည်က သူ့အာရုံတွေက ထိုအခန်းအတွင်းရှိ လူသားတဦးတယောက်အပေါ်မှာမှ မရှိ။
အဘယ်ကြောင့် ဆိုသော် သူ့အာရုံတွေက Section A တွင်သာရှိနေသည့်မို့ ။ တိတိကျကျဆိုရလျှင် Section A ရှိ
Soung Sorri ဟူသော ကောင်မလေးကသာ သူ့ စိတ်ခံစားချက်အကုန်ကို အပိုင်စိုးမိုးထားသည့် အတွက်ကြောင့် ။
မုန်းသည် ။ သူချစ်သော ထို Soung Sorri ဟူသည့် မိန်းမကို သေလောက်အောင် မုန်းသည် ။ သူတို့နှစ်ယောက်အတူ ရှိနေသည်ကို မမြင်လို ။ မကြည့်လို ။ သည်းခံနိုင်စွမ်းမရှိတော့သည့် အတွက်ကြောင့် Yoongi ကို သူမအနားမှ ခွဲထုတ်ရန် ကြိုးစားရလိမ့်သည် ။
ဟုတ်တယ် ။ Yoongi ဟာ ကျွန်မ အပိုင်ဖြစ်ရမည်။
တကယ်တော့ အထက်တန်း ကျောင်းပြန်ဖွင့်စလောက်က "Yoongi ကို သဘောကျတယ် ညီမနဲ့ တွဲမလား " ဟု မိန်းကလေးတန်မဲ့ အချစ်တွေကို ဖွင့်ဟရင်း ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခဲ့ဖူးသည် ။ ဒါပေမဲ့ ပြန်ရခဲ့သည်က ခပ်ချေချေ အငြင်းစကားတခုသာ။
"သူ့မှာ သိပ်ချစ်တဲ့သူ ရှိပြီးသား" တဲ့လေ ။
သိသည် ။ သူ Soung Sorri ကို ချစ်တယ်ဆိုတာကို သိသည်။ ငယ်ကထဲက ရင်းနှီးခဲ့တဲ့ သံယောဇဉ်တွေပေါင်းစုရင်း သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရိပ်တကြည့်ကြည့်နဲ့ မခွဲနိုင်မခွာရက်အောင် ချစ်သည်ဆိုတာကို သိပါသည်။
YOU ARE READING
အချစ်ဆုံးလို့ ခေါ်ဦးမှာလား
RomanceMin Yoongi × Soung Sorri (Reader) ပြောပြပေးပါ ~~ သူ့နှုတ်က ထွက်ကျလာခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ "အချစ်ဆုံး" ဆိုတဲ့စကားလေးကို သတိတရ လွမ်းဆွတ်. . တမ်းတနေတယ်ဆိုတာကို . . .။ သိချင်ပါတယ် Min Yoongi ရယ် #အချစ်ဆုံးလို့ ခေါ်ဦးမှာလား#
Part 9 { If I Wrong }
Start from the beginning
