"မ..မကြည့်ပါဘူး"

သူ့ရှေ့ရောက်လျှင် အလိုလိုနေရင်း တတုန်တုန်တရင်ရင် ဖြစ်နေသည့် ကိုယ့်ကိုကိုယ်မုန်းမိပါသည်။ လူကြောက်တာလဲမဟုတ်၊ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းသည့် သူလဲမဟုတ်ပါပဲ သူနှင့်ဆိုလျှင်ကို အမြဲလိုလို ငတုံးငအတစ်ယောက်လို ဖြစ်သွားရသည်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့်လား..အရှိန်ဝါတွေကြောင့်လားတော့ သေချာမသိ။ ဒီတိုင်းသူ့ကိုဆို ကြောက်သည်။

သူဆိုတာကလဲ စီးပွားလောကရဲ့ ကျား၊ ရှင်ဘုရင်တစ်ယောက်ဟူ၍ တင်စားခံရသော Park ChanYeol ပင်။

"ငါ့ကိုလိမ်လို့ရမယ်ထင်လို့လား?"

ခပ်မာမာအသံကြောင့် BaekHyun သူ့ကိုတစ်ချက်မော့ကြည့်ပြီးမှ ခေါင်းကိုအမြန်ပြန်ငုံ့လိုက်ရသည်။ အကြည့်ချင်းစုံရဲလောက်သည်ထိ သတ္တိမျိုး အတော်ပင်ကြိုးစားမွေးယူရဦးမည်ထင်ပါ၏။ စကားကိုအမြဲလိုလို ခပ်မာမာသာပြောတတ်ပြီး ပြတ်သားသေချာသည့်အကြည့်တို့သည် သူ့ဘဝတွင်အမှားဆိုတာ မရှိခဲ့ဘူးသည့်သူတစ်ယောက်လို ကြည်လင်နေတတ်သည်။

"မဟုတ်ပါဘူး"

ဖြေရှင်းချက်ပေးရန်စကားစလိုက်သော်ငြား စားပွဲထိုးမှ သူ့စိတ်ကြိုက်မှာထားသည်များကို လာချပေးတော့ စကားစပြတ်သွားရသည်။ တကယ်တော့ BaekHyun စားပွဲထိုးလေးကို ကျေးဇူးတင်မိသည်။ အချိန်ကိုက်သူ့ကို ကူညီဖို့ရောက်လာသည်ဟု တောင်ထင်ရသည်လေ။

"ငါပင်လယ်စာနဲ့သိပ်မတည့်ဘူး။
မင်းကြိုက်တယ်ပြောဘူးလို့
မှာပေးတာ။ ငါရှိတယ်လို့
မတွေးပဲကုန်အောင်စား"

သူရှိနေလျှင် အလွဲလွဲအမှားမှားသာဖြစ်တတ်သော BaekHyun ကို သတိပေးသလိုမှာတော့ ခေါင်းတစပ်စပ်ငြိမ့်ပြကာ ကိုယ်ကိုမတ်၍ထိုင်သည်။ ခက်တာက စားဖို့ချထားပေးတာက ဇွန်းမဟုတ်ပဲ ဓားနဲ့ခက်ရင်း။ ဘယ်လက်ကဓားကိုင်လို့ ကိုင်ရမယ်မသိ၊မည်သို့မည်ပုံလှီးရမည်မသိသောကြောင့် ခေါင်းကုတ်လိုက်မိသည်။ သူ့ကိုကြည့်လိုက်တော့ ခပ်ညီညီလှီးဖြတ်ထားပြီးသား အသားတုံးလေးတွေကို ဝိုင်တစ်ခွက်ဖြင့် အရသာခံကာသောက်နေ၏။

ဖြူစင်သောချစ်သူTahanan ng mga kuwento. Tumuklas ngayon