Just Memory ? ( Final )

1.3K 127 27
                                    

#Final#

လောကကြီးအား သူ့အားဒီလောက်တောင် ရက်စက်ရက်တယ်လား။ ဒီကိုပြန်ရောက်ဖို့ သူ ဘယ်လိုတောင် agency နဲ့အတိုက်အခံတွေ လုပ်ခဲ့ရလဲ သူသာအသိဆုံး ။ အခုတော့ Bas က သူ့ကိုစာလေး တကြောင်းနဲ့ လှလှပပ ထားခဲ့လေသည်။

စဉ်းစားမရတာက သူနဲ့ Bas ဒီမလာခင် ၁ရက်အလိုထိ တယောက်နဲ့တယောက် onlineတွင် အဆက်အသွယ်မပြတ်ကြ။ ညဆို သူ schedule တွေကြောင့် တအားပင်ပန်းနေရင် Bas ကသီချင်းဆိုပြီး သိတ်သည်။ Bas စာကိစ္စတွေနဲ့ ခေါင်းခြောက်နေရင် ဘာမဆိုင် ညာမဆိုင် သူက ကလန်ကလားနဲ့ ကပြရတယ်။ အဖုအထစ် တစုံတရာ မရှိခဲ့။ ခုတော့ မရှိခဲ့တာလား သူပဲမရိပ်မိခဲ့တာလား မသေချာတော့။ Viedo Chat သည် သူတို့ရဲ့ တစ်ကမ္ဘာဖြစ်ခဲ့သည်။ ယခုတော့လဲ ဒီကမ္ဘာမှာတောင် ရှင်သန်ခွင့် မရှိတော့။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို P'Ming ကလွဲ၍ ကျန်တဲ့လူမသိအောင် ထိန်းသိမ်းနိုင်ခဲ့ကြသည်။ အရာအားလုံးကျော်လွားပြီးကာမှ Bas က

( P'... N' ကိုခွင့်လွှတ်ပါ ) တဲ့လား

Gxxod အနားက အရက်ပုလင်းကို ကိုင်ပြီး တချက်မော့လိုက်သည်။ ပြီးတော့ ပုလင်းကိုင်လျက်နှင့်ပင် တခန်းလုံးကို လျှောက်သွားနေမိသည်။

<P'...ဟဟ... ယားတယ်ဆို>

<ခ်ခ်.... ဦးလေးကြီးတွေက အရမ်းနှေးတာကို>

<မသိဘူး... ရှက်တယ်>

<more than you P'>

တခန်းလုံး Bas အသံလေးတွေက သူ့အား လှောင်ပြောင်နေသလို။ ဒီလို ချွဲတက်တဲ့ ကလေး ဒီလူကြီးကို လာချွဲပါအုန်းလား။ ထားခဲ့မယ်ဆိုလဲ ဒီအတောအတွင်း ဘာလို့လူကို သေလောက်အောင် ပြုစားခဲ့ရတာလဲကွာ။

" N' "

အသံကြားရာလှည့်ကြည့်လိုက်တော့ P'Ming။

" P'...P'... ဘယ်လိုဖြစ်ရတာလဲ ဗျာ... "

" ကျွန်တော် ဘာမှပြောပိုင်ခွင့်မရှိဘူး N'...
အရာအားလုံး မေ့လိုက်ပါတော့... ဒီဟာ N' အတွက် အကောင်းဆုံးပဲ "

" ကျွန်တော်ဘေးမှာ Bas မရှိသေးသ၍ ဘယ်အရာမှ အကောင်းဆုံး မဖြစ်နိုင်ဘူး P' "

Just Memory ?Where stories live. Discover now