Just Memory ? ( Part 10 )

775 110 12
                                    

#Love_Have_No_Gender#

ရှက်ကိုးရှက်ကန်းနဲ့ ဝင်လာလိုက်တဲ့ ရေချိုးခန်းထဲကနေ ဘယ်လိုပုံစံမျိုးနဲ့ ပြန်ထွက်ရမလဲ ဆိုပြီး bathtub ဘောင်ပေါ်ထိုင်ပြီး စဉ်းစားရင်းနဲ့ပင် Bas အိပ်ပျော်သွားခဲ့သည်။ 😪

Bas အပြင်ကတံခါးပိတ်သံကြားမှ လန့်နိုးသွားပြီး ဘေစင်ရှေ့ရပ်၊ ရေဖွင့် မျက်နှာမြန်မြန်သစ်ကာ အခန်းအပြင်ထွက်လိုက်သည်။

P' အပြင်ထွက်သွားတာကိုး....
တော်သေးတယ်... ရှိနေရင်လဲ ဘယ်မျက်နှာနဲ့ စကားပြောရမှန်း မသိ... တော်ပြီ P' မလာခင် အိပ်ပျော်အောင်အိပ်မှပဲ...

Bas ကုတင်ပေါ်ခုန်တက် ၊ စောင်ကိုဆွဲ ခေါင်းရော တကိုယ်ပါခြုံလိုက်ပီး မအိပ်ချင်သေးတဲ့မျက်စိကို အတင်းမှိတ်လိုက်သည်။ မျက်စိမှိတ်မှ P' ရဲ့အကြည့်တွေ၊ ကိုယ့်လက်ကလေးကို နမ်းလိုက်တဲ့နှုတ်ခမ်း၊ ကျူးလွန်ပြီးမှ ဘာပြောလို့ပြောရမှန်းမသိပဲ ကြောင်တောင်တောင် ရဲတွက်နေတဲ့မျက်နှာ ၊ တစ်ခုချင်းဆီက ပြတ်ပြတ်သားသားကို ပေါ်လာတော့ Bas စောင်ထဲမှာ မျက်နှာတွေ ထူပူလာပြန်ပြီး ရှက်စနိုးတွေပြုံးမိနေသည်။ 🙊

ဒီညက ကျွန်တော်ညတွေထဲက ရင်အခုန်ဆုံးညဖြစ်နေမလား P' ?🙈

_._._._._._._._._._._._._._._._._._._._._._._._._.

Gxxod ရေချိုးခန်းထဲက N'Bas ကြားရလောက်အောင် အခန်းတံခါးကို ခက်ပြင်းပြင်းပိတ်ကာ အပြင်သို့ထွက်လာခဲ့သည်။
Reception ကောင်တာနားရောက်မှ ကောင်တာအနောက်က နာရီကိုကြည့်လိုက်တော့ ည ၇ခွဲကျော်ကျော်သာ ။

Reception နားက ထိုင်ခုံမှာထိုင်ပြီး ဖုန်းသာပွတ်နေမိသည်။ LINE ကစာပေါင်းများစွာက အဆက်မပြတ် ဝင်လာသည်။ တော်တော်များများက အလုပ်ကိစ္စတွေ ၊ စာတွေပြန်ရင်း အချိန်တွေကို လိုတာထက်ပို ဖြုန်းနေခဲ့သည်။ ဒီလိုနဲ့ပဲ ည ၁၀နာရီထိုးခဲ့သည် ။ Gxxod နေရာကထ ၊ ခါးဆန့် အကြောဆွဲလိုက်တော့မှ ခါးတွေတော်တော် ညောင်းနေမှန်းသိတော့သည်။

အခန်းဝရောက်တော့ ကိုယ်ခန္ဓာက ဟိုနားက ယားသလိုလို ဒီနားကယားသလိုလိုနဲ့ ရွစိရွစိနှင့်ပင်
တံခါးလော့ကို ဖြည်းဖြည်းချင်းလှည့်ကာ အတွင်းသို့ဝင်လာခဲ့သည်။ 🚪

Just Memory ?Där berättelser lever. Upptäck nu