အတောက်ပဆုံးအပြုံးတပွင့်နဲ့ လိမ္မာလွန်းစွာခေါင်းတွေချည်းညိမ့်ပြနေပြန်တယ်

နှုတ်ကသာ Han ကိုပြန်သတိရလာမှာပေါ့ ပြောရတာ ကျွန်တော့်စိတ်ထဲတော့ အခုလိုလေး Han ကလေးလေးတယောက်လိုပြုမူနေတာလေးကို ပိုမြတ်နိုးနေမိတယ်

မလှပတဲ့ အတိတ်ဆိုးတွေကိုမမှတ်မိတော့လဲဖြစ်တယ် Han ကိုယ်ကမင်းကို မင်းဖြစ်နေတဲ့အတွက်ကို တန်ဖိုးထားချစ်မြတ်နိုးနေရတာမို့လို့
သတ္တိမဲ့စွာရှောင်ပြေးခဲ့တဲ့အတိတ်တွေအစားလဲ ကိုယ်အဆပေါင်းများစွာ ဂရုစိုက်ပေးပြီး အနားမှာအမြဲရှိနေပေးမှာမို့လို့ ဒီအတိုင်း ကိုယ်နဲ့အတူရှိနေပေးရင်ကို ကိုယ်ကျေနပ်နေပြီ Han ရယ်။

"Han နားလိုက်ဦးလေ ပင်ပန်းနေမှာပေါ့ လာ"

ပါးစပ်ကလဲပြောရင်း လက်ကလေးကိုတခါဆွဲကာ အိပ်ခန်းလေးထဲခေါ်လာပြီး သူ့အတွက်အဆင်သင့်ပြင်ဆင်ပေးထားတဲ့ အပြင်ပတ်ဝန်းကျင်ကိုလှမ်းကြည့်လို့ရစေမယ့် ပြတင်းပေါက်ဘေးက ကုတင်လေးပေါ်ထိုင်စေလိုက်တယ်

"ခနဖြစ်ဖြစ် အိပ်လိုက်လေ Han
Han တယောက်ထဲမဟုတ်ဘူးမကြောက်နဲ့ ဟိုဘက်က အိပ်ရာတွေ့လား အဲဒါကိုယ့်နေရာ အလယ်မှာ ကိုယ့်စာအုပ်စင်တခုပဲခြားတယ် ဘာမှမကြောက်နဲ့နော်"

Han လိုစိတ်ပိုင်းဆိုင်ရာထိခိုက်ထားတဲ့လူတယောက်ကို တယောက်ထဲလွှတ်ထားဖို့ လွပ်လွပ်လပ်လပ်နေစေဖို့စိတ်မချတာကြောင့် အရာရာအနုစိတ်ကြိုစီစဉ်ထားရတယ်

"Han နားတော့လေ ကားစီးထားရတာပင်ပန်းနေမှာပေါ့"

"အင်းး ဒါနဲ့ ဟို"

တခုခုပြောဖို့တွန့်ဆုတ်နေပြီးမှ

"ဒီမှာ Sehun shi နဲ့ကျွန်တော် နှစ်ယောက်ထဲနေရမှာလား"

"အင်းလေ ဘာလို့လဲ Han ရဲ့"

ခေါင်းကိုတချက်ကုတ်လိုက်ပြီး

"Dr. Chan တို့ Kai တို့မလာဘူးလားလို့ပါ"

ကြည့်ရတာ Han က နှစ်ယောက်ထဲမို့နေရခက်နေဟန်တူသည် အခုစကားပြောတာတောင် မျက်လုံးချင်းမဆုံပြန်

"အော် လာမှာပေါ့ Kai ကတနေ့တခေါက်လာကြည့်မယ် Chanyeol ကတော့ အားရင်အားသလိုကိုလာနေမှာ"

စွန်Where stories live. Discover now