New Year Special

16.9K 995 199
                                    


"Plinth Level က 400 mm...
Depth Foundation က 600 mm... "

***ဟမ့်​!
မပြီးနိုင်​မစီးနိုင်​တဲ့ HomeWork ​တွေ...***

အချိန်​ကား ည ၁၀ နာရီထိုးလုပြီ...

Drawing Table တွင်​ Xiao Lu ထိုင်​​နေသည်​မှာ တစ်​နာရီခန့်​ရှိပြီ...ပုံနှိပ်​ကိုကြည့်​လိုက်​...စာရွက်​​ပေါ်ဆွဲလိုက်​...မှားရင်​ဖြဲလိုက်​နဲ့...

နှာထိပ်​ကို​လျှောလုဆဲမျက်​မှန်​ကို ပြန်​ပင့်​တင်​လိုက်​ပြီး Laptopကို ဖိရိုက်​​နေလိုက်​သည်​...

***ပြီးကိုမပြီးနိုင်​ဘူး...***

ကျောင်းဖွင့်​ကတည်းက အနားကိုမကပ်​ရတာ!
မိုးလင်းက​နေမိုးချုပ်​​ကျောင်းသွား
ပြန်​​ရောက်​လာ​တော့လည်း
လုပ်​လိုက်​ရတဲ့အိမ်​စာ...
သမ္မတ​တောင်​သူ့ထက်​နားချိန်​ပိုရဦး​မယ်​!
သမ္မတ​တောင်​ သူ့မိန်းမနဲ့ပလူးချိန်​ရဦးမယ်​!
Xiao lu က​တော့လား....ဟမ့်​!

"OFFSETS က 50mm×100mm... "

နောက်​တကြိမ်​ မျက်​မှန်​ကို​ကျော်​ပြီး
နံရံကနာရီကိုကြည့်​လိုက်​တဲ့အခါ
ည ၁၀ နာရီစွန်းစွန်း...

Sehun ကုတင်​​ပေါ်က​နေ Drawing Tableမှာ ဖင်​​ကော်​ကပ်​​နေ​သော Xiao lu ကိုလှမ်း​ပြောလိုက်​သည်​...

"Xiao lu...အိပ်​​တော့​လေ...၁၀ နာရ်ီ​ကျော်​ပီ "

"Top...Topping က ဘယ်​...ဘယ်​​လောက်​!..ဟာ!! Sehun!! စကားလာမ​ပြောနဲ့​ဗျာ...ဒီမှာမှားကုန်​ပြီ! "

***​အော်​...​အေးပါ!***

မျက်​မှန်​​လေးပြန်​တပ်
ကိုယ့်​Laptop​လေးကိုယ်​ အာရုံစိုက်
ကိုယ့်​စာရင်း​လေးကိုယ်​ပြန်​လုပ်​...

အဟင်းးး

"Plinth level ထဲက Topping နဲ့ Concrete ကိုနှုတ်​....နှုတ်​​တော့ 380mm...အင်း~~အဲ့တာက Sand နဲ့ Earth ဆို​တော့!....ဘယ်​ဟာကို ဘယ်​​လောက်​ထားရမလဲ?!! "

ဟမ့်!
စောနက ရွတ်​​နေတာလည်းဒါဘဲ!!...
ဖြဲပြီးလွှင့်​ပစ်​ထားတဲ့စာရွက်​​တွေလည်း ပုံ​နေပြီ
ဒီပုံကိုလည်း ဘယ်​နှ​ခေါက်​ဆွဲဖို့စိတ်​ကူးထားတယ်​မသိ! အလွတ်​များကျက်​​နေသလားဘဲ!

LollipopWhere stories live. Discover now