ခရစ်​စ်​ရဲ့ မျက်​နှာ​ပေါ်က အထင်းသား​မြင်​​နေရ​သော ပူပန်​မှု​တွေကို ​ဂျောင်​ဆူး မြင်​​နေရတာ​ကြောင့်​ သူ​​ခေါင်းကိုသာ ခါရမ်းလိုက်​သည်​။

"မ ~မဟုတ်​ပါဘူး..အဲ့ဒါ​ကြောင့်​ မဟုတ်​ဘူး..hyung~ အရင်​က လုပ်​ခဲ့တဲ့ အလုပ်​​တွေနဲ့ မတူပဲ ​ပြောင်းသွား​တော့ လုပ်​နိုင်​ပါ့မလားလို့ ​တွေးပူရင်း stress နည်းနည်း ဖြစ်​သွားတာ..အဆင်​​ပြေပါတယ်​..ကျွန်​​တော်​ "

အလိမ်​အညာ တစ်​ခု သက်​သက်​ဆိုတာ ခရစ်​စ်​ သိ​နေ​ပေမဲ့ ​ဂျောင်​ဆူးကို ကြုံ​တွေ့လာမယ့်​ ကိစ္စအဝဝတွက်​ တွန်းအားထပ်​မ​ပေးချင်​​တော့...

ဂျောင်​ဆူးနဲ့ ချန်း​ယောလ်​ကြား ပက်​သက်​မှု​ကို မန်​ဘာအချို့က​တော့ သိ​နေသည်​။
( ဂျွန်​​မြောင်​နဲ့ ဂျုံအင်​ သူတို့သာ သိသည်​။) 
ဂျောင်​ဆူးတ​ယောက်​ ချန်း​​​ယောလ်​ကို  အခုထက်​ထိ ချစ်​​နေ​သေးကာ လက်​မလွှတ်​နိုင်​​သေး​ကြောင်း ဂျွန်​​မြောင်​ဆီမှ ခရစ်​စ်​ သိခွင့်​ရခဲ့သည်​။ ​နောက်​ပိုင်း ချန်း​ယောလ်​နဲ့ ဘတ်​ခ်​ဟွန်းတို့ရဲ့ ရင်းနှီးကျွမ်းဝင်​​နေမှုကို သူတို့အားလုံး သိရှိသွားခဲ့သည်။ကြားကြားချင်း အံ့သြသွားသည်​က သူတို့အဖွဲ့ထဲ ဒီလို ဟိုမို အတွဲ ရှိ​နေခြင်းရယ်​... ချန်း​ယောလ်​နဲ့ ဘတ်​ခ်​ဟွန်းတို့ရဲ့ အဆင်​​ပြေ​ပြေ လိုက်​​လျောညီ​ထွေမှုကို အားလုံး မြင်​​တွေ့​နေ​ရ​တော့  ဘယ်​သူမှ​တော့ အဆန်းတကြယ်​ ကိစ္စတစ်​ခုလို
ဘ​ဘောမထားကြပါ~~

ဂျောင်​ဆူး အ​ကြောဆန့်​ကာ လက်​​မောင်းကို ​နောက်​ပစ်​ပီး ​စောင်​ဆွဲယူကာ ပြန်​အိပ်​ဖို့ရန်​ ပြင်​​နေ​သော်​ငြား ခရစ်​စ်​တစ်​​ယောက်​ ​စောင်​ယူ​နေ​သော ဆူးရဲ့ လက်​ကို ဆွဲကိုင်​ကာ

" ​​ဟေ. ​ဟေ အိပ်​ဖို့ မကြိုးစားနဲ့...
လာခဲ့ ဒီကို လာ... အထုတ်​ ပြင်ဖို့လာကူ​ပေး.."

" hyung အိတ်က အ​ကောဒီယဲန်​ကြီး လိုပဲ.. ပစ္စည်းထည့်​ဖို့ အဆင်​​ပြေမယ်​များ ထင်​​တယ်​​ပေါ့ ㅋㅋㅋ ဝူး ခရစ်​စ်​တို့များ fashion ကျချက်​က"

ဂျောင်​ဆူးတ​ယောက်​ သူ့ hyung ကိုေ​နာက်​နေသည်​။ ခရစ်​စ်​ကလဲ ခေါင်းကို အပီအပြင် ​ခါရမ်း​ကာ ရီပြ​​​နေပုံက ကလေးကြီးကြီးမုန့်​ရသွားလို့်​ ပြုံးဖြီး​နေသလို...

Stop---Rewind 💛Where stories live. Discover now