Part-10(Z+U)

14.2K 1.5K 171
                                    

*ဦး​လေးငယ်​*(Zawgyi)

'ပင်​လယ်​ထဲကမင်းကိုဦး​လေးငယ်​ပြန်​​ခေါ်လာတာ...'

နားထဲကမထွက်​နိုင်​​သေး​သောKaiစကားကBaek​သွေး​ကြောထဲရှိ​သွေးသားတို့ကို​ပြောင်းပြန်​ပြန်​စီး​နေ​စေသည်​အထိတုန်​လှုပ်​​နေ​စေခဲ့သည်​...

ထိုင်​လိုက်​...ထလိုက်​...အခန်းထိပ်​နှစ်​ဖက်​ဟိုဘက်​ဒီဘက်​​လျှောက်​​နေလိုက်​နှင့်​ဦး​လေးငယ်​ကိုမျက်​နှာချင်းဆိုင်​ရန်​အား​မွေးယူ​နေခဲ့သည်​မှာမိုးဆုတ်​ဆုတ်​​တေါင်​ချုပ်​​နေခဲ့​လေပြီ...

Baekတကယ်​မသိပါ...

Baekမှားခဲ့တယ်​ဆိုတာကလွဲလို့...ဦး​လေးငယ်​ကိုအရင်​​တောင်းပန်​ရမလား​ကျေးဇူးတင်​စကားအရင်​​ပြောရမလားBaekခွဲခွဲခြားခြားမသိနိုင်​​သေးပါ...

ကျေးဇူးတင်​စကား​ရော​တောင်းပန်​စကားပါမဖြစ်​မ​နေ​ပြောရမည်​ဖြစ်​​ပေမယ့်​...Baekရိုင်းပြခဲ့မှု​တွေအတွက်​မျက်​နှာချင်းဆိုင်​နိုင်​ရန်​...အ​တော်​​လေးကိုအင်​အားဆုတ်​ယုတ်​​နေခဲ့​လေသည်​​...

သို့​သော်​...​ရှောင်​လွှဲရန်မတတ်​သာ​သောကိစ္စရပ်​အတွက်​ဆုံးဖြတ်​ချက်​ကိုခိုင်​မာစွာချရင်းတစ်​​နေ့လုံးပိတ်​ထားဖြစ်​​သောအခန်းတံခါးကိုဖွင့်​ကာ...အိမ်​​အောက်​ထပ်​သို့အားတင်းရင်းဆင်းလာခဲ့လိုက်​​တော့သည်​...

Chanyeolအိမ်​တံခါးကိုဖွင့်​ကာအိမ်​အတွင်းဝင်​ဝင်​ချင်းတွင်​Sofaအထက်မျက်​စိမျက်​နှာပျက်​ကာထိုင်​​နေ​သောမမကြီးကို​တွေ့ရ​လေသည်​...

'Baekhyunခုထိဆင်းမလာ​သေးဘူးလား...'

စိတ်​လွတ်​​နေသူတစ်​​ယောက်​လို​မျက်​လုံးကမ​ရေရာ​သော​နေရာတစ်​ခုကိုစိုက်​ကြည့်​​နေလျက်​​ခေါင်းအသာရမ်းပြလာသည်​...

အဲ့ဒါဆို...အဲ့က​လေးစိတ်​ဆိုး​နေတုန်း​ပေါ့...
ဆိုးလိုက်​တာBaekhyunရာ...

မနက်​ကငိုယိုပြီးအိမ်​​ပေါ်​ပြေးတက်​သွားတည်းကစိတ်​မ​​ကောင်း​ဖြစ်မိပါ​သော်​လည်းအ​နောက်​မှလိုက်​တော့​မသွားဖြစ်​...

*ဦး​လေးငယ်​*Where stories live. Discover now