"Hyun​လေး နာ​နေပြီထင်​တယ်​​လေ Xiao lu "

"ငြိမ်​ငြိမ်​မှ မ​နေတာကိုးးး!!ကျ​နော်​ကဘယ်​လိုလုပ်​ထားရမှာလဲ?!! "

ကျောက်​ရုပ်​ကြီးလို ငြိမ်​​နေရာမှ
ရုတ်​တရက်​ sehun ဘက်​လှည့်​ကာ ​အော်​လိုက်​သည်​​ကြောင့်​ sehun ပင်​လန့်​သွားရသည်​...

ဘာလို့များ အဲ့​လောက်​ ​ဒေါသထွက်​​နေရပါလိမ့်​??

ChanHyun​လေးက​တော့ ပိုလန့်​သွားသည်​ထင်​သည်​...မျက်​ရည်​​လေးပါဝိုင်းပြီးလှမ်းကြည့်​​လေသည်​...

မဖြစ်​​တော့..။

"​ပေး​ပေး...ကိုယ့်​ကို က​လေး​ပေး "

"ကား​မောင်း​နေတာကို ဘယ်​လို​ပွေ့မလို့တုန်း?!! "

ထိုစဉ်​ မီးပွိုင့်​က မီးစိမ်းပြသွားသဖြင့်
Sehun ဘာမှ အတွန့်​တက်​ချိန်​မရဘဲ
ကားကိုဆက်​​မောင်းလိုက်​ရသည်​...

Xiao lu ဘက်​ကိုတချက်​လှည့်​ကြည့်​လိုက်​​တော့
ChanHyun​လေးကို ​စောနက​လောက်​ချုပ်​မထား​တော့...
ChanHyun​လေးက​တော့ ​တော်​​တော့်​ကိုငြိမ်​သွားကာ ​ခေါင်း​လေးငုံ့ကာပုံ့ပုံ့​လေးထိုင်​လိုက်​လာ​တော့သည်​...

အိမ်​​ရောက်​​တော့ Argima ပြင်​​ပေးထား​သော
ညစာကအဆင်​သင့်​ဖြစ်​​နေပြီ...
ChanHyun ​လေး လည်း ညစာမစားခဲ့ရတာမို့
အတူတူစားရန်​ ခုံ​ပေါ်ကို​ပွေ့တင်​​ပေးလိုက်​သည်​...

Xiao lu က​တော့ ဘာစကားမှမ​ပြောဘဲ
သူ​သောက်​မယ့်​Juiceကို ​ရေခဲ​သေတ္တာ​ထဲက
သွားထုတ်​​နေသည်​...

"Hyun​လေး...ဘာကြိုက်​တတ်​မှန်း ဦးဦးက​သေချာမသိဘူး...Hyun​လေး ဘာစားချင်​လဲ ​ပြော​... "

Sehun​မေးလိုက်​​တော့
ChanHyun​လေးက ​မေးစိ​လေးကိုလက်​ညှိုး​လေးနဲ့​ထောက်​ကာ စားပွဲ​ပေါ်က ​ဟင်းခွက်​​တွေကို
လိုက်​​ငေး​နေ​လေသည်​...
နောက်​​တော့...ချိုချဉ်​​ကြော်​ကို​ရွေးလိုက်​သည်​...

"​အော်​...အဲ့တာကြိုက်​တာလား "

ChanHyun ​လေးက ပြုံးကာ ​ခေါင်းတဆတ်​ဆတ်​ငြိမ့်​ပြသည်​...

"အိမ်​က ပူတူတူး​လေးနဲ့ အကြိုက်​ချင်းတူတာဘဲကိုးး "

Xiao lu Orange Juice ကို ဖန်​ခွက်​ထဲ​ပြောင်းထည့်​​နေရင်းက​နေ sehun ကိုမျက်​လုံးလှန်​ကြည့်​​လေသည်​...
မျက်​ဝန်းများက ကြည့်​ရသ​လောက်​ ကြည်​နူးရိပ်​မသန်းဘဲ ​မီး​တောက်​မီးလျှံထင်​​နေတာမို့
Sehun ဆက်​ပြီး မ​နောက်​​တော့...

LollipopWhere stories live. Discover now