10. တစ်ဦးတည်းသော သက်ဆိုင်သူ

Start from the beginning
                                    

"အဲ့တာဖြစ်ရုံတင်မကဘူး။ အခု သူနဲ့ငါက အတွဲတွေကွ''

လီမင်းဟာ အန်းဇီယန်ကမိုင်ဒင်းအပေါ် ခံစားချက်နဲနဲ ရှိမယ်မှန်းသိပေမဲ့ သူတို့နှစ်ယောက် တွဲဖြစ်လိမ့်မယ်လို့မထင်ထားဘူး။

"မင်းကို ကစားနေတာလား''

"မသိဘူး။ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းတာပဲ''

"သူ့ လက်ရှိစော်ကြီးကောဟ''

"မင်းပြောကာမှ သတိရတယ်။ လက်ရှိစော်ကြီး...''

အန်းဇီယန်က သူနဲ့တွဲဖို့ သဘောတူလိုက်တော့ အပျော်တွေလွန်ပြီး U.S က အန်းဇီယန်အစစ်မကို မေ့နေခဲ့တာ။

"ငါက မင်းကိုမေးနေတာလေ စောက်ပိန်းရဲ့''

"ငါလဲမသိဘူးကွ''

"မင်းက အဲ့ဒီ့ကိစ္စနဲ့ပက်သက်နေတဲ့လူကော ဟုတ်ရဲ့လား?'' မသိရင် မိုင်ဒင်းကပဲ လူစားထိုးခံလိုက်ရသလိုမျက်နှာထားနဲ့ လီမင်းမေးလိုက်တယ်။

"ငါ မေးဖို့မေ့နေခဲ့တာ။ အန်းဇီယန် လှေနံနှစ်ဖက်နင်းနေတာလား မသိဘူး''

မိုင်ဒင်း ချက်ချင်းကြီးလို သေချင်စိတ်တွေတဖွားဖွားပေါ်လာတယ်။

"ထားလိုက်ပါ။ အန်းဇီယန်နဲ့တွဲခွင့်ရတာတင် တော်ရုံကံကောင်းတာမဟုတ်ဘူး။ သူ့ဟာသူ လှေနံနှစ်ဖက်နင်းရုံမကလို့ ဘာပဲဖြစ်နေနေ... အချစ်နဲ့စစ်မှာ တရားမျှတတယ်ဆိုတာမရှိဘူး ကိုယ့်လူရေ။ တခါတလေကျ မသိချင်ယောင်ဆောင်လိုက်တာပိုကောင်းတယ်''

လီမင်းပြောတာ အမှန်တရားတွေ။ ကျောင်းမှာဆို အန်းဇီယန်ရဲ့ချစ်သူဖြစ်ဖို့မပြောနဲ့ အန်းဇီယန်ရဲ့ စကားပြောတဲ့အသံကြားရရင်တောင် မဟာ့မဟာကံကောင်းမှုလို့ထင်နေကြတဲ့ အစစ်မတွေကတစ်ပုံကြီး။ ဒါပေမဲ့ မိုင်ဒင်းက ဒီလိုကိစ္စမျိုးကို မျက်ကွယ်ပြုမဲ့လူမဟုတ်ဘူး။

"ဒီကိစ္စကို မထားနိုင်ဘူး။ နောက်ကျ သေချာပေါက်ကို ရှင်းရမယ်''

"မင်းသိလား။ ယောက်ျားတွေက မင်းလိုစိတ်ဓာတ်နဲ့ကောင်ကို စောက်မြင်ကပ်ကြတယ်''

လီမင်း ဆက်မငြင်းချင်တော့ဘူး။ ဒီလဒက လူသေးသလောက်ခေါင်းကမာမာရယ်။ သူ့အထုပ်ပြင်လက်စကိုပဲ ဆက်ပြင်လိုက်တော့တယ်။

Will You Still Love Me Even If I'm a MAN? (Like Love) [Z+U]Where stories live. Discover now