Extra ( 1)

714 77 45
                                    


ရက်​သတ္တပါတ်​အစ၏ မနက်​ခင်းတွင်
ကျောင်း အ​ကြောင်းပြ​၍ ​ဒေါ်​လေးဆီမှ
ထွက်​ခဲ့ပြီး ယခု​ကော်​ဖီဆိုင်​တွင်​ နာရီနှင့်​ချီကာ
သောင်​တင်​​နေခဲ့သည်​မှာ ည​နေ​စောင်း​ကျော်​ကာည​​ရောက်​လုနီးနီးဖြစ်​သည်​ ။

ဆရာMinseok၏ အတန်းချိန်​များ​ပေမယ့်​ အထက်​တန်းမဟုတ်​​​​တော့​သော​ကြောင့်
သိပ်​​တော့ပြသနာမရှိ ။ 
ဆရာက သနားတတ်​သည်​မို့ အ​ကြောင်းပြချက်​​ပေါင်းစုံ​ပေးနိုင်​လျှင်​ အဆင်​​ပြေမည်​ ။

မျက်​နှာချင်းဆိုင်​ လမ်းမ​ဘေးရှိ စာအုပ်​ဆိုင်​တွင်
ဝင်​လာသမျှလူများအား ပြုံးရွှင်​စွာ နှုတ်​ဆက်​​နေ​သော လူငယ်​တစ်​ဦးရှိသည်​ ။

" ​ပျော်​ရွှင်​စရာ နှစ်​သစ်​ကူးရက်​​လေးဖြစ်​ပါ​စေ "

လူကျ​နေ​သော စာအုပ်​ဆိုင်​အတွင်း အထက်​တန်း​ကျောင်းသူ​လေးများ မကြာခဏ လာ​ရောက်​သည့်​ မြင်​ကွင်းတွင်​မူ သူနှာ​ခေါင်းရှုံ့လိုက်​သည်​ ။

" အဟင်း.. Taeyong Hyungတို့ တက်​ကြွ​နေတာ " 

ဒေါ်​လေးကပဲ အ​မြော်​အမြင်​ရှိတယ်​ဆိုရမလား..
Taeyong hyung ​​အလုပ်​စဆင်းသည့်​အချိန်​မှစ၍  ည​နေဖက်​တိုင်း လူစည်​​နေတတ်​သည်။

သုံးခွက်​​မြောက်​​သော ​ကော်​ဖီနှင့်​ Cakeအချို့အတွက်​ ကျသင့်​​ငွေကို
ရှင်းပြီး​နောက်​တွင်​ တစ်​ဖက်​လမ်းမသို့
သူကူးလိုက်​သည်​ ။ 

ဆိုင်​ပိတ်​ချိန်​နီးပြီမို့  လူရှင်းသွားပြီ ။

" ကြိုဆိုပါတယ်​ .. အဲ ..."

အ​နွေးထည်​တွင်​ပါ​သော ​ခေါင်းစွပ်​ကို​ဆောင်းရင်း ငိုက်​စိုက်​​၀င်လာသော ကျွန်​​တော့်​ကို
သူက ခရီးဦးကြိုပြုသည်​ ။

မျက်​နှာမြင်​​တော့ အံ့သြသွားသည့်​ဟန်​ ..
နောက်​​တော့ ​နွေး​နွေး​ထွေး​ထွေးပြုံးလျက်​ ..
ဟန်​မပျက်​ပင်​ ..။

" လူကြီးမင်း  ဘာများအလိုရှိပါသလဲ "

" ဆိုင်​သိမ်းချိန်​မို့ သူ့ကိုလာကြိုတာလို့
Lee Taeyong ကို​ပြော​ပေးပါ "

You've reached the end of published parts.

⏰ Last updated: Oct 17, 2017 ⏰

Add this story to your Library to get notified about new parts!

✴Starlight✴Where stories live. Discover now