ကမ်းပါးအစွန်းမှာရပ်နေရတဲ့ခံစားချက်...
ဘယ်အချိန်ချောက်ထဲ ပြုတ်ကျမလဲလို့
ရင်တထိတ်ထိတ်နဲ့ အသက်ရဲရဲမရှူနိုင်သလို ..မျက်စိရှေ့တွင်ရှိသော နှလုံးခုန်လှိုင်းကလေး
တည်ငြိမ်ပြတ်တောက်သွားမည်ကို
ကျွန်တော်တွေးရင်း ခြောက်ခြားခဲ့ရသည် ... ။တစ်သက်လုံးနောင်တတွေပွေ့ပိုက်ရင်း နေထိုင်သွားဖို့ ကျွန်တော်မ၀ံ့...
ကျေးဇူးပြုပြီး ..... ။
" မင်းအခြေအနေမကောင်းဘူးလို့
သူဖုန်းဆက်ခဲ့တာ...
တကယ်တမ်းအခြေအနေမကောင်းတာက
သူပဲ ... သွေးထွက်လွန်နေခဲ့တယ် "တည်ငြိမ်သလိုရှိပေမယ့် အက်ကွဲနေတဲ့Yuta Hyungရဲ့စကားသံကို ကျွန်တော်တုံ့ပြန်ဖို့
အားမရှိဘူး ။ဒေါ်လေးရဲ့မွေးရပ်မြေကို ပြန်လည်ခြေချပြီး
တစ်ပတ်အကြာ..
ကျွန်တော့်ဆီကို သူရောက်လာခဲ့တယ် ။ခက်ခက်ခဲခဲခြေရာဖျောက်ရင်းနေပေမယ့်လို့
သူရှာတွေ့သွားခဲ့ပုံပါပဲ ။အဲ့ဒီအချိန်တုန်းက မေးခွန်းပေါင်းများစွာပြည့်နေတဲ့ မျက်ဝန်းတစ်စုံကို ရင်ဆိုင်ဖို့
သတ္တိနည်းခဲ့ရတယ် ..အများအားဖြင့် ကျွန်တော်နဲ့ဆက်နွယ်မိတဲ့အခါ
အထိနာသူက Lee Taeyong ..
သူ့ကိုအပြစ်မတင်ရက်သလို တွန်းထုတ်ဖို့လည်း
မကြိုးစားချင်ခဲ့တဲ့ အတ္တပါးပါးဟာ
အဆိပ်ဖြစ်ခဲ့လေသလား ..။ကျွန်တော်တို့ရဲ့ပက်သက်မှု ကံကြမ္မာဟာ
တစ်ယောက်မဟုတ် တစ်ယောက်
နာကျင်ရမယ့်အထိ ခါးသီးဆိုးရွားဖို့ လိုသလား..။ကုန်တိုက်ကပြန်လာတဲ့ ကျွန်တော့်ကို
ဖမ်းရင်းလက်စဖျောက်ဖို့ကြိုးစားတဲ့ လူအချို့နဲ့
သူထိပ်တိုက်မတွေ့ခဲ့ဘူးဆိုရင်
အခုအချိန် သေမင်းနဲ့ရင်ဆိုင်ရမှာက
ကျွန်တော်ပဲ ဖြစ်လိမ့်မယ် .. ။