Starlight (2)

783 106 21
                                    

နှစ်​နှစ်​နီးပါးကြာ အချိန်​ကာလတစ်​ခုက
ကိုယ့်​နှလုံးသားကို အခိုင်​အမာဆုံးဖြတ်​ဖို့
လုံ​လောက်​တဲ့အချိန်​ပဲ က​လေး ...

မင်းမရိပ်​မိခဲ့တဲ့ နှလုံးခုန်​သံ​တွေကို
တွယ်​ရစ်​ပြီးသား အဖြူ​ရောင်​​သံ​ယောဇဉ်​တွေ​အောက်​မှာ ငါထိန်းသိမ်းခဲ့ရတယ်​....

အရာအားလုံးထက်​ ငါ့ချစ်​​ခြင်း​တွေက
မင်းကိုထိခိုက်​ပျက်​ဆီး​စေမှာကို စိုးရိမ်​ခဲ့ရတာ ။

ပတ်​၀န်းကျင်​ကို အရိပ်​အကဲကြည့်​ရင်း
ကြီးပြင်းလာရတဲ့ မင်းကို
ကိုယ်​ကဘယ်​လိုဖိအားမျိုး
ထပ်​​ပေးဝံ့ပါ့မလဲ ...

အချစ်​ဆိုတာ ...အဲ့ဒီလိုသိုဝှက်​ခြင်း တစ်​မျိုးပဲ
က​လေး ...
မြင်​​နေရရုံနဲ့ ​ကျေနပ်​​နေမိတဲ့ သိက္ခာရှိသတ္တဝါက
အချစ်​ပဲ ။

~STARLIGHT~

လအနည်းငယ်​အကြာမှာ
ချာတိတ်​က ဒီ​ဂေဟာနဲ့အသားကျလာပုံပါပဲ ။

ထူးခြားချက်​က​တော့ အလုပ်​ပင်​ပန်းပြီး
ညစာမချက်​နိုင်​တဲ့​ည​နေခင်း​တွေမှာ

တခြမ်းတူး တခြမ်းပြဲ ဒါမှမဟုတ်
ကျက်​သလား မကျက်​သလား မ​သေချာတဲ့
ပုံပျက်​ပန်းပျက်​ ကြက်​ဥ​ကြော်​​တွေကို
ကျွန်​​တော်​တို့စားရ​တော့တာပဲ ...။

ကြက်​ဥ​ကြော်​မြင်​တိုင်း ​သွေးစုပ်​ခံရသလို
ဖြူ​လျော်​သွားတတ်​တဲ့ အ​ပေါင်းအ​ဖော်​နှစ်
ယောက်​ကို ကြည့်​ရင်း ကျွန်​​တော်​နဲ့Markeu
ရယ်​​မောခဲ့ကြတယ်​ ။

သူ့ဟင်းလျာ​တွေကိုမငြိုမငြင်​စား​ပေးနိုင်​တဲ့
ကျွန်​​တော့်​ကို ​ကောင်​​လေးက အားရပါးရပြုံးပြတတ်​တယ်​ ။

အဲ့ဒီ ဖြူစင်​ပြီးဟန်​​ဆောင်​မှုမရှိတဲ့
အရယ်​အပြုံး​တွေမှာ ကိုယ်​နစ်​​မြောဖို့ဖြစ်​လာတာ
က​လေးမှမသိဘဲ ...

Yutaက​တော့ Markeu မီးဖို​ချောင်​ထဲဝင်​တာနဲ့ မ၀င်​ဖို့အ​ပြေးလိုက်​ဆွဲပြီးတား​​လေ့ရှိတယ်​ ။

✴Starlight✴Where stories live. Discover now