Chapter - 4

3.1K 204 17
                                    

Her Blind King

Chapter - 4

Shao Yu's pov

" မင်း ကိုယ်​​ပြောတာ​တွေကို တကယ်​ထင်​​နေလား "

' အမှန်​အတိုင်း​ပြော​နေတာ မဟုတ်​ဘူးလား ' လို့ သူမက လာ​ရေး​လေသည်​။

Xiao Yu စာ​ကြောင့်​ သူ ​တစ်​ချက်​ ပြုံးလိုက်​မိသည်​။

" အမှန်​အတိုင်း​ပြောရရင်​ . . . ကိုယ်​ ​ပျော်​ရမယ့်​အစား စိတ်ပျက်ခဲ့တယ် ၊ ဘာလို့လဲဆို​တော့ ဘုရင်​ဖြစ်​ပြီးကတည်းက ကိုယ့်​ဘဝက ​သေလူနဲ့ မခြားနားလို့ပဲ​​​​ ၊ အမှန်​​ပြောရရင်​ ကိုယ့်​မျက်​လုံး​တွေကို ပြန်​မ​ကောင်းချင်​ခဲ့ဘူး ၊ ဘုရင်​လုပ်​ချင်​စိ​တ်​ မရှိ​တော့​ပေမယ့်​ ​ဘေးလူ​တွေအကုန်​လုံးက ကိုယ့်​ကို လက်​မလွှတ်​ချင်ကြဘူး​​​ "

သူ ​ပြော​နေရင်းနဲ့ သူ့လက်​​မောင်းကို တွဲထားတဲ့ သူမလက်​နှစ်​ဖက်​အပေါ် သူ့လက်​တစ်​ဖက်​ တင်​လိုက်​သည်​။

" လူအားလုံးသိကြတဲ့ Emperor Shao Yu ဆိုတာက ရက်​စက်​တယ်​ ၊ ကြမ်းကြုတ်​တယ်​ ၊ ရုပ်​ဆိုးတယ်​ ၊ ယုတ်​မာတယ်​ ၊ သူတို့ ​ပြောဆို​နေကြတာ​တွေက မမှားပေမယ့်​ . . . ကိုယ့်​အ​ဖေရဲ့ဆန္ဒအရ သမိုင်းမှာ အသက်​ငယ်​​ငယ်​ရွယ်​ရွယ်နဲ့ ​Emperor တစ်​​ယောက်​ဖြစ်​ဖို့အတွက် ​ကိုယ့်​ရဲ့အချိန်​​တွေကို စစ်​​မြေပြင်​မှာပဲ ကုန်​ဆုံးခဲ့ရတယ်​ ၊ ကြာ​တော့ ကိုယ့်​မှာ ခံစားချက်​မဲ့လာခဲ့တယ်​ ၊ သတ်​တာ ဖြတ်​တာ​တွေက ကိုယ့်​အတွက်​ ထမင်းစား​ရေ​သောက်​သလို ဖြစ်​​နေခဲ့​တော့ Blind King ဆိုပြီး နာမည်​ထွင်​ခဲ့တယ်​ ၊ ဆိုလိုချင်​တာက သတ်​ဖို့ဖြတ်​ဖို့က လွှဲပြီး ကျန်​တာကို မမြင်​​တော့တဲ့ King ​ပေါ့ ၊ ဒါ​ပေမယ့်​ . . . အခုမှ နာမည်​နဲ့လူနဲ့ လိုက်​သွားတာ . . . ဟွန်း . . . ၊ ကိုယ်​ . . . ဒီလို​နေရတာကို ငြီး​ငွေ့​နေခဲ့​တော့ မျက်​စိကွယ်​တာကို စိတ်​မဆင်းရဲဘဲ ​ပျော်​​နေခဲ့တယ်​ ၊ ငယ်​ဘဝတုန်းကလို ​အေး​အေး​ဆေး​ဆေး ပြန်​​နေလို့ရပြီဆိုပြီး . . . ၊ ဒါ​ပေမယ့်​ ကိုယ့်​ကို Emperor အဖြစ်​ မြင်​ချင်​​သေးတဲ့ ကိုယ့်​ခမည်း​တော်​​ကြောင့်​ မင်း ကိုယ့်​​ဘေးနား ​ရောက်​လာခဲ့တယ်​ "

You've reached the end of published parts.

⏰ Last updated: Nov 28, 2017 ⏰

Add this story to your Library to get notified about new parts!

Her Blind KingWhere stories live. Discover now