Chapter - 3

2K 146 2
                                    

Her Blind King

Chapter - 3

Shi Lan's pov

ဒီ​နေ့​ကောဆို Shao Yu ကို ကု​ပေးခဲ့တာ တစ်​ပတ်​ရှိပြီဖြစ်​သည်​။ ​နောက်​သုံးပတ်​​နေရင်​ သူ့မျက်​စိက ပြန်​​ကောင်းလာနိုင်​သည်​။

ဒါ​ပေမယ့်​ . . . ​တွေးမိတိုင်း ဘာလို့ ဝမ်းနည်း​နေပါလိမ့်​ ။ သူမ . . သူ့ကို တကယ်​များ . . . ။

" Xiao Li . . . "

Shao Yu အသံ​ကြောင့်​ သူမ သတိပြန်​ဝင်​လာသည်​။

" ဘာ​တွေ ​တွေး​နေလို့ ကိုယ်​ ​ခေါ်တာ​တောင်​ မကြားနိုင်​ရတာလဲ "

သူမ ​ဖြေချင်​လည်း ​ဖြေခွင့်​မှမရှိဘဲ . . . ။

" Xiao Li . . . "

အာ . . . သူမကို ဒီနာမည်​ခေါ်တာကို မကြိုက်​ဘူးလို့ ​ပြောမိရင်​ သူမ လွန်​ရာများကျ​နေမလား . . . ။

" Xiao Li . . . "

တစ်ခါတစ်​​လေ​​တော့လည်း ​​​လောဘကြီးခွင့်​​လေး​တော့ ရှိ​လောက်​မှာပါ . . . ။

' Xiao Li အစား Xiao Yu လို့ ​ခေါ်​ပေးလို့ရမလား ' လို့ သူမ ​. . . သူ့လက်​​ပေါ်​ရေးလိုက်​သည်​။

" Xiao Yu လို့ ​ခေါ် . . . ဟုတ်​လား "

' အင်း ' လို့ သူမ ထပ်​​ရေးလိုက်​သည်​။

" ဘာလို့လဲ "

သူမ ငြိမ်​သက်​​နေရုံမှအပ . . . ။

"​ ​ကောင်းပြီ​လေ ၊ အဲ့ဒါဆိုလည်း Xiao Yu . . . ရပြီလား . . . Xiao Yu "

သူ့ပါးစပ်​က​နေ သူမနာမည်​ထွက်​လာ​တော့ သူမ ပြုံးလိုက်​မိသည်​။

တစ်​ချိန်​တည်းမှာပဲ သူမ သိလိုက်​တာက သူမ . . . သူမ​ရှေ့မှာထိုင်​​နေတဲ့ ဒီလူကို ​သိတာ မကြာ​သေး​ပေမယ့်​ တကယ်​ချစ်​​နေမိပြီဆိုတာကိုပင်​။

Shao Yu's pov

ဒီ​နေ့​ကောဆို သူ ​ဆေးကု​မှု ခံယူခဲ့တာ တစ်​ပတ်​ရှိပြီဖြစ်​သည်​။ ​နောက်​သုံးပတ်​​နေရင်​ ပြန်​​ကောင်းလာနိုင်​တယ်​လို့ သူမက ​ပြောဖူးသည်​။

ဒါ​ပေမယ့်​ . . . ​တွေးမိတိုင်း ဘာလို့ ​​ပျော်​​နေပါလိမ့်​ ။ ကြည့်​ရတာ . . . သူ့မသိစိတ်​ထဲက​နေ ဒီတန်​ခိုးရှင်​မ​လေးမျက်​နှာကို မြင်​ချင်​​နေလို့ ထင်​ပါရဲ့ . . . ။

" Xiao Li . . . "

တစ်​ချိန်​လုံး ငြိမ်​သက်​​နေလို့ သူ . . . သူမနာမည်​ကို ​ခေါ်လိုက်​သည်​။

" ဘာ​တွေ ​တွေး​နေလို့ ကိုယ်​ ​ခေါ်တာ​တောင်​ မကြားနိုင်​ရတာလဲ "

ဘာတုံ့ပြန်​မှုမှ မရ​ပေ။

" Xiao Li . . . "

သူမ . . . သူ့​ဘေးနားမှာမှ ရှိ​နေရဲ့လား . . . ။

" Xiao Li . . . "

' Xiao Li အစား Xiao Yu လို့ ​ခေါ်​ပေးလို့ရမလား ' လို့ သူမက သူ့လက်​​ပေါ်ကို လာ​ရေး​လေ​သည်​။

" Xiao Yu လို့ ​ခေါ် . . . ဟုတ်​လား "

' အင်း ' လို့ သူမက ထပ်​​ရေး​​လေသည်​။

" ဘာလို့လဲ "

ထူးဆန်းတယ်​ . . . လူတိုင်း ကိုယ့်​နာမည်​ကို မြတ်​နိုးတန်​ဖိုးထားကြတာကို သူမကျမှ ဘယ်​လိုဖြစ်​ပြီး . . . ။

သူ ​မေးတာလည်း ပြန်​မ​ဖြေပုံ​ထောက်​ရင်​ အ​ကြောင်းအရင်း​တော့ ရှိနိုင်​သည်​။ ထားလိုက်​ပါ​တော့​လေ . . . ။

"​ ​ကောင်းပြီ​လေ ၊ အဲ့ဒါဆိုလည်း Xiao Yu . . . ရပြီလား . . . Xiao Yu "

သူ့စကားအဆုံးမှာ သူ့လက်​တစ်​ဖက်​ကို သူမလက်​နှစ်​ဖက်​နဲ့ ဆုပ်​ကိုင်​လိုက်​၍ သူမ ​ပျော်​သွားမှန်း သူ သိလိုက်​သည်​။

" ကိုယ်​ . . . ဒီ​နေ့ အခန်းအပြင်​ကို ထွက်​ချင်​တယ်​ "

သူ့စကားဆုံးတာနဲ့ သူမက သူ့လက်​​မောင်း​ကို လာတွဲ​လေသည်​။

လေပြင်းတစ်​ချက်​ မျက်​နှာကို လာအရိုက်​မှာ သူ . . . သူ့အခန်းပြင်​ကို ​ရောက်​​နေမှန်း သိလိုက်​သည်​။

" Xiao Yu . . . မင်း သိလား ၊ ကိုယ့်​ အမြင်​အာရုံစကွယ်​ကတည်းက ကိုယ်​ . . . အခန်းထဲက​နေ တစ်​ခါမှ အပြင်​ကို မထွက်​ခဲ့ဖူးဘူး ၊ ဒါ ပထမဆုံးပဲ . . . အပြင်​ထွက်​တာ ၊ မင်းကို ​ကျေးဇူးတင်​ပါတယ်​ ၊ မင်းသာ ခုလို ​ရောက်​လာပြီး ကိုယ့်​ကို မကုသ​ပေးခဲ့ရင်​ ကိုယ်​ ​မျှော်​လင့်​ချက်​မဲ့​​နေဦးမှာ ၊ ကိုယ့်​မျက်​လုံး​တွေက ကုသမယ်​ဆို ပြန်​​ကောင်းနိုင်​တယ်​လို့ ​မင်း ​ပြောတဲ့​နေ့တုန်းက ကိုယ်​ ​အရမ်းေ​​ပျာ်ခဲ့ရတယ်​​ "

သူမဆီက ဘာတုံ့ပြန်​မှ မရ​ပေ။

" မင်း . . . ကိုယ်​​ပြောတာ​တွေကို တကယ်ထင်​​​​နေလား "

Chapter - 3

E . N . D

Aikoyuu

Cmt plzzzzzzz

Her Blind KingWhere stories live. Discover now