H.B=25

11.9K 1.4K 220
                                    

Zawgyi

သေးသွယ်​လှတဲ့ လက်​​ချောင်း​လေး​တွေက အခု​တော့ ပိုပိန်​​သေး​နေသ​ယောင်​...။

သို့​သော်​...ယခင်​ကအတိုင်း လှ​နေဆဲ...ထိုလက်​​ချောင်း​လေး​တွေရဲ့ ပင်​ကိုယ်​ လှပမှုက ​ပျောက်​ကွယ်​မသွား​သေး...။

မြတ်​နိုးမှုထဲက တစ်​ခုဖြစ်​တဲ့ ထိုလက်​​ချောင်း​လေး​တွေ တည်​ရှိရာ လက်​တစ်​ဖက်​ကို ကျ​နော်​ အသာဆုပ်​ကိုင်​လိုက်​ပြီး နွမ်းလျစွာ ပြုံးလိုက်​မိတယ်​...။

"ငယ်​...ထခဲ့​တော့​လေကွာ​နော်​..၊ငယ်​ အိပ်​​နေတာ ဒီ​နေ့နဲ့ဆို ၄လနဲ့မှ၅ရက်​ရှိပြီငယ်​..။Hyungကို တ​ယောက်​တည်း ထားခဲ့တာ..ကြာ​ပေါ့..။စိတ်​ချတယ်​​ပေါ့.."

အပြစ်​တင်​မာန်​မဲသလို ကျ​နော်​ ​ပြောမိ​ပေမယ့်​..ကျ​နော့်​ အသံမှာ ပြစ်​တင်​စိတ်​ဆိုးမှု​တွေ နည်းနည်းမှမပါ...။

ဘယ်​လို စိတ်​ဆိုးရက်​မှာလဲ ဒီက​လေးကို..။ချစ်​လွန်းလို့ မလုပ်​သင့်​တာ​တွေ​တောင်​ လုပ်​မိခဲ့​သေးတာပဲ..။အဲ့လို လုပ်​ခဲ့လို့ပဲ မဖြစ်​သင့်​တာ​တွေဖြစ်​လာခဲ့တယ်​​လေ...။

လက်​ထဲက လက်​ဖဝါးနုနု​လေးကို ပါးပြင်​ထက်​အပ်​လိုက်​ရင်း အသံတိတ်​မျက်​ရည်​ကျမိပြန်​တယ်​..။ကျ​နော်​..ဒီလို ငို​နေခဲ့ရတာလည်း အကြိမ်​​ပေါင်းမနည်း​တော့...။

"ကိုယ်​...ကိုယ်​ ​တောင်းပန်​ပါတယ်​ ငယ်​ရာ..."

ပါးပြင်​​ပေါ်က လက်​​လေးကို နှုတ်​ခမ်းနား​ပြောင်းကပ်​လိုက်​ပြီး တဖွဖွနမ်းရင်း ရှိုက်​ရှိုက်​ငိုလိုက်​မိ​တော့တယ်​...။

တော်​ပါပြီ...ဆက်​မထိန်းပါရ​စေနဲ့​တော့..၊အကုန်​လုံးကို ​ပေါက်​ကွဲထွက်​ပြီး​တော့သာ လှိုက်​လှိုက်​လှဲလှဲငိုပါရ​စေ​တော့..

သူ့ ဆန္ဒအတိုင်း တအင့်​အင့်​နှင့်​ ရှိုက်​ငိုလိုက်​မိသည်​...။

ကျ​နော့်​ ငိုသံ​တွေကို ကုတင်​ထက်​က ​ကောင်​​လေး မကြား​လေ​ရော့လား...။

ကျ​နော့်​ နာကျင်​မှု​တွေကို ကုတင်​ထက်​က ​ကောင်​​လေး မမြင်​နိုင်​လို့လား...။

Half-Brother(Chanbaek-yaoi)[Completed]{Zawgyi+Unicode}Where stories live. Discover now