ထူပူနေသော အတွေးတွေနဲ့တပြိုင်နက် မလှုပ်မရှားရပ်နေသော ပုံရိပ်လေးဆီကို ခြေလှမ်းကြဲတွေနဲ့သွားရင်း ဘယ်ဘက်ပခုံးလေးကိုဖျက်ကနဲလှမ်းဆွဲကာ ကျွန်တော့်ရင်ခွင်ထဲဆွဲသွင်းမိတယ်

အငိုက်မိသွားတာမို့ထင်သည် Han ဆီကဘာတုံ့ပြန်မှုမှမရှိ

Han ငြိမ်နေတာလေးကိုအခွင့်ကောင်းယူကာ ရင်ခွင်ထဲက ခန္ဓာကိုယ်သေးသေးကိုတင်းနေအောင်ဖက်ထားရင်း တဒိန်းဒိန်းခုန်နေသော နှလုံးသားရယ် ဦးနှောက်တွေရယ်ကို ဖြေးဖြေးချင်းဖြေလျော့နေမိတယ်
မျက်လုံးတို့ကိုမှိတ်ချလိုက်တော့ စီးကျလာတဲ့ မျက်ရည်စက်တွေက စိတ်လျော့ချလိုက်မှုကြောင့်ပဲလား
မောဟိုက်နေတဲ့ဒဏ်တွေကလဲ အသက်ရှုတာတောင်မဝချင်ချင်

အခုမှအနည်းငယ်လှုပ်ရှားတွန်းဖယ်လာတဲ့ Han ကိုယ်လေးကိုသတိထားမိတော့

"ခနလေးပါ ခနလေးပါ Han ရယ်"

တောင်းဆိုမိတဲ့အသံတို့ကလဲတုန်တုန်ရင်ရင်ဖြစ်နေတာကြောင့်ပဲလား Han ဘက်ကပြန်လည်ဆိတ်ငြိမ်သွားပေးတယ်
အချိန်တော်တော်ကြာသွားလောက်မှ

"လွှတ်ပါတော့ အသက်ရှုကြပ်လာပြီ"

ကျွန်တော်ဘယ်လောက်တင်းကြပ်စွာဖက်ထားမိနေပြီလဲဆိုတာ သတိထားမိမှ Han ကိုပြန်စိုးရိမ်ကာ လွှတ်ပေးမိတယ်

"ရရဲ့လား Han အသက်ရှုလို့အဆင်ပြေရဲ့လား"

ပခုံးလေးနှစ်ဖက်ကိုဖွဖွကိုင်ကာ မျက်နှာလေးကိုငုံ့ကြည့်ရင်းမေးတော့ Han ကအသာခေါင်းညိမ့်ပြတယ်

"လက်တွေ လက်တွေလဲဖယ်ပေးပါ"

သူ့ပခုံးပေါ်က ကျွန်တော့်လက်တွေကိုဖယ်ခိုင်းပြန်တော့ နှမြောတသစွာလွှတ်ပေးလိုက်ရင်း

"ကိုယ်ဘယ်လောက်စိတ်ပူသွားလဲသိလား"

ပကတိနားမလည်သလို ဖြူ ဖြူ စင်စင်မျက်ဝန်းတွေက ကျွန်တော့်ကိုတအံ့တသြကြည့်တယ်

"ဘာလို့ဒီရောက်နေတာလဲ Han ရယ်"

"မွန်းကြပ်လို့"

"ဟင်"

ဘာစကားမှပြန်ပြောမယ်လို့မမျှော်လင့်ခဲ့မိတော့ အဖြေတခုကြားရတာကို ကျွန်တော့်မှာမယုံကြည်နိုင်

"ဟိုကိုကြည့်"

Han လက်ညှိုးညွှန်ပြရာကောင်းကင်ထက်ဆီလှမ်းကြည့်မိတော့ လေနှင်ရာလွင့်နေတဲ့ စွန်ငယ်လေးတခု

"Han စွန်လွှတ်ချင်လို့လား"

"ဟင့်အင်း သူ့ကိုအားကျလို့"

Han ဆိုလိုရင်းကိုသိပ်ကြီးသဘောမပေါက်ပေမယ့် သူဆေးရုံမှာနေရတာ မလွတ်လပ်မှန်းတော့နားလည်မိသည်

"သွားကြစို့ Han ညလေကအေးတယ်"

ကျွန်တော့်စကားကိုလက်ခံကာ ဘေးကထပ်ကြပ်မခွာလိုက်လာပေးတော့ ကျေနပ်မှုရယ်ကျေးဇူးတင်မှုရယ်ကတဖွားဖွား Han ကျွန်တော့်ကိုလက်ခံတယ်ဆိုတဲ့သဘောပေါ့နော်

Han ကိုသူ့အခန်းလေးဆီပြန်ပို့ပေးရင်း Kai နဲ့တခါထဲစကားပြောကြည့်တယ် Han ကိုဆေးရုံဆင်းစေချင်တဲ့အကြောင်းပေါ့

"အခုတော့ မဖြစ်သေးဘူး Sehun
Luhan အခြေအနေကစိတ်ချလို့ရသေးတာမဟုတ်ဘူး အခုတောင်ကြည့်လေ"

"ဒါပေမယ့် Han ကဆေးရုံမှာမနေချင်တော့ဘူးထင်တယ်"

"ခနလေးစောင့်ကြည့်လိုက်ပါဦး"

Kai နဲ့စကားပြောပြီး ကျွန်တော့် Duty လဲပြီးနေပြီမို့ ဒီညတော့ Han ကိုကျွန်တော်စောင့်ကြည့်ရင်း Han ကုတင်ဘေးနားလေးမှာပဲ ထိုင်ခုံလေးယူထိုင်ရင်း အိပ်ပျော်သွားပြီဖြစ်တဲ့ Han လက်ဖဝါးလေးကိုစိတ်မချစွာဆုပ်ကိုင်ထားမိတယ်

ကျွန်တော့်ပါးပြင်ကိုတို့ထိတို့ထိလုပ်နေတဲ့ နူးနူးညံ့ညံ့အရာလေးကြောင့်စိတ်အစုံကနိုးလာပေမယ့်ချက်ချင်းမျက်လုံးကမဖွင့်နိုင်သေး

"ထူးဆန်းတယ်"

ရေရွတ်သလိုတိုးတိုးလေးထွက်လာတဲ့စကားသံက Han အသံလိုလို

"ရင်ထဲနာသလို နွေးထွေးသလိုလဲခံစားနေရတာဘာကြောင့်လဲ"

"ဟင် ခင်များသိလား"

***********

(အပ်ပုဒိတ်သည် တိုမှန်းသိသော်လည်း ဒီလောက်သာရေးနိုင်တောသောအခါ~~~)

စွန်Where stories live. Discover now