အဲ့အရွယ်​ကတည်းက ကျ​နော်​ အဖြူ​ရောင်​​ကောင်​​လေး​ပေါ် သံ​ယောဇဉ်​တွယ်​ပြီးသား...

"ရှင့်​ကို​ပေး​တော့​ရော..ရှင်​က baekhyuneeကို ​ကောင်း​ကောင်း​ဂရုစိုက်​နိုင်​မှာတဲ့လား??"

လေသံမာမာနဲ့ ​ပြောလိုက်​တဲ့ သူ့စကားက ကျ​နော့်​စိတ်​​တွေကို ရှုပ်​သွား​စေခဲ့မိတာ အမှန်​...။

၇နှစ်​အရွယ်​က​လေးတ​ယောက်​ကို ဘာလို့ ​ပေးမယ်​မ​ပေးဘူး ​ပြော​နေကြရတာလဲ??

"​တော်​စမ်းပါ..ဘာရှင့်​သားရမှာလဲ??Baekhyuneeက ခုParkမျိုးနွယ်​ရှင့်​..၊သူ့ကိုယ်​ထဲမှာ ရှင့်​​သွေး​တွေစီး​နေ​ပေမယ့်​..သူဟာ ရှင့်​သားဆိုတာ..ဘယ်​​တော့မှဖြစ်​လာမှာမဟုတ်​ဘူး!!ရှင်​ ကျမကို ​နောက်​ မဆက်​သွယ်​ပါနဲ့!!"

အလယ်​တန်း​နောက်​ဆုံးနှစ်​​ရောက်​​နေတဲ့ ကျ​နော်​..အသက်​၁၅နှစ်​​ကျော်​​ကျော်​၁၆နှစ်​နီးနီးအရွယ်​ ကျ​နော့်​အဖို့​တော့..အဲ့တုန်းက ကြားလိုက်​ရတဲ့ စကား​တွေရဲ့ အဓိပ္ပါယ်​ကို ပုံ​ဖော်​ဖို့ အချိန်​ဘယ်​​လောက်​မှမ​ပေးလိုက်​ရ...

\\သူ့ကိုယ်​ထဲမှာ ရှင့်​​သွေး​တွေစီး​နေတယ်​...//...ဆိုလိုတာက Park Baekhyunဟာ..ကျ​နော့်​​ဖေ​ဖေParkရဲ့ ​သွေး​တွေစီး​နေတာ မဟုတ်​ဘူး​ပေါ့??..Parkမျိုးနွယ်​??ရှင့်​သားဘယ်​​တော့မှ ဖြစ်​လာမှာမဟုတ်​ဘူး??...​သေချာပါတယ်​..Park Baekhyunဟာ..ကျ​နော်​နဲ့ ဘာ​သွေးမှမ​တော်​ဘူးဆိုတာ.

"အ..အယ်​..သား..သားကြီး..ဘယ်​..ဘယ်​ကတည်းက..."

"ခင်​​ဗျား လူလိမ်​ပဲ!!!"

ထမင်းစားခန်း​ပေါက်​ဝကို ​ကျော​ပေးထိုင်​​နေရာက​နေ ထပြီး အပြင်​ထွက်​ဖို့ပြင်​လိုက်​တဲ့ ​ကြောက်​​ကြောက်​လန့်​လန့်​ ထစ်​ထစ်​​ငေါ့​ငေါ့​မေးလာတဲ့ သူမစကားမဆုံးခင်​ ကျ​နော်​ အမှန်​တရားတစ်​ခုကို ဖြတ်​​အော်​လိုက်​မိ​တော့ ဂွက်​ကနဲလွတ်​ကျသွားတဲ့ သူမလက်​ထဲက ဖုန်း​လေး...

"ခင်​​ဗျား..ကျ​နော်​တို့သားအဖ​ပေါ်ကို​ဗျာ.."

အားမလိုအားမရသံနဲ့အတူ ​ဒေါသ​ကြောင့်​ကျဆင်းလာတဲ့ မျက်​ရည်​စက်​​တွေနဲ့ ကျ​နော်​ ​ပြောပြီးချိန်​မှာ​တော့ ​အောက်​ကို ​ခွေကနဲညွတ်​ထိုင်​ကျသွား​သော သူ့​မေ​မေ...​နောက်​ လက်​ဝါးနှစ်​ဖက်​ကို မီးထွက်​မလို ပွတ်​​လာပြီး...

Half-Brother(Chanbaek-yaoi)[Completed]{Zawgyi+Unicode}Where stories live. Discover now