❦Chapter Twenty-One II❦ {Z+U}

Start from the beginning
                                    

"သိ.. သိနေခဲ့တာလား Mr."

နာကျင်မှုကြောင့်လား၊ အခြား ဘာအကြောင်းရင်းကြောင့်လဲ မသိပေမယ့် JinHyuk မျက်လုံးထဲ မျက်ရည်များ ရစ်ဝိုင်းလာသည်ကို BaekHyun မြင်နေရသည်။

"နားထောင်စမ်း JinHyuk"

ပြောရင်းနှင့် ChanYeol သည် JinHyuk အနားသို့ တိုးကပ်သွားကာ မျက်နှာကို သူ့လက်ချောင်းများဖြင့် ဆွဲမော့ယူလိုက်၏။
မျက်လုံးချင်းဆိုင်ကြည့်ဖို့ သတ္တိမရှိသော JinHyuk ဟာ မျက်လွှာချကာ အောက်ဘက်သို့ အကြည့်ပို့ထားသည်။

"အိပ်မက်ဆိုးတွေ အများကြီး ဖြတ်ကျော်လာခဲ့တဲ့ လူဆီ မင်းရဲ့ အိပ်မက်တွေကို အလွယ်တကူ ရောင်းပစ်လို့ မရဘူး"

စကားအဆုံး မေးစေ့အား ဆွဲမော့ထာသော လက်တို့ကို ဖယ်ရှားလိုက်သောအခါ JinHyuk ခေါင်းငိုက်စိုက်ကျသွားရသည်။

"ဘာလို့လဲ.. Mr?"

ခေါင်းမော့မလာပဲ ကြားနိုင်ရုံလောက် လေသံခပ်တိုးတိုးဖြင့် သူ မေးလိုက်သည်..။

"သူ့ကျတော့.. ဘာလို့..."

ChanYeol မျက်နှာက အပြုံးပျောက်သွားသည်။
မျက်လုံးအကြည့်တို့ကလည်း အသက်မဲ့နေသလို ဖြစ်နေ၏။
JinHyuk ၏ မေးခွန်းကို သူ ပြန်ဖြေဆိုခြင်းမရှိ။
မဖြေချင်တာကြောင့်လား.. ဒါမှမဟုတ် မဖြေနိုင်တာကြောင့်လား။

အချိန်သိပ်မကြာလိုက်..။
မျက်နှာပေါ်က အပြုံးပြန်ပေါ်လာသည်။

"ဒီကိုလာပါဦး honey..."

စရောက်ကတည်းက ဘာစကားမှမဆိုပဲ တိတ်ဆိတ်နေခဲ့သော BaekHyun ကို ChanYeol လှမ်းခေါ်လိုက်၏..။

"သူက မင်းကို အဲ့ဒီလူတွေ လက်ထဲ ထည့်ခဲ့တာ"

BaekHyun ၏ အနောက်ဘက်မှာ ရှိနေသော ChanYeol က လက်တစ်ဖက်ဖြင့် BaekHyun ကို သိုင်းဖက်လာသည်။
ထို့နောက် BaekHyun မျက်နှာလေးကို ဘေးဘက်ဆွဲလှည့်လိုက်ပြီး..

"မသိချင်ဘူးလား honey? သူ မင်းကို ဘာကြောင့် အဲ့လိုလုပ်လဲ"

ခေါင်းငိုက်စိုက်ချထားသော JinHyuk ကို BaekHyun တစ်ချက် လှည့်ကြည့်သည်။
ထို့နောက် အနားသို့ လျှောက်သွားကာ လက်မောင်း၌ စိုက်ထားသော ဓားကို အားနှင့် ဆွဲနှုတ်ယူလိုက်၏...။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now