အပြာရောင်ရင်ခွင်တမ်းချင်း......

Comenzar desde el principio
                                    

" ဘာဖြစ်လို့လဲ မေမေ သား သိပ်ရုပ်ပျက်နေလို့လား "

မေမေက ကျနော့် ဆံပင်များကို အသာအယာ ဖွသည်။
မေမေ့လက်တွေက နွေးလိုက်တာ ...။
ကျနော် ရုတ်တရက် ငရဲအတွင်းက ခဏလောက် လွတ်မြောက်သွားခဲ့သလိုမျိုး ...။

" မေမေ့ကို ပြောပြလေ သားက မြိုသိပ်ထားရင် ပိုပြီး ခံစားရမှာပေါ့ "

ကျနော့်ကို မေမေက မြိုသိပ်ထားတယ်လို့
ထင်တယ်ပေါ့။ သာမန်အသည်းကွဲနေတဲ့ 
လူငယ်ပေါက်စလေးလို့ ယူဆလိုက်တာပေါ့ ...။

" မေမေ .. "

ကျနော် ပြုံးနေခဲ့သည် ထင်သည်။

" ....."

" လူတစ်ယောက်က ဘာခံစားချက်မှ မရှိတော့ပဲ
ဗလာဖြစ်သွားတဲ့ အခြေအနေမျိုးကို မေမေ
ကိုယ်ချင်းစာနိုင်မလားဟင် ... "

မေမေ အံ့သြသွားပုံရသည် ။

" သားရယ် ... --"

" ဒါပေမယ့် မေမေ စိတ်မပူပါနဲ့
သားကို အချိန်တစ်ခုပဲ ပေး ...
သား အဆင်ပြေသွားမှာပါ "

ကျနော် ထင်ခဲ့တာက မိုးကုတ်စက်ဝိုင်းနဲ့
လွဲခဲ့ရုံလောက်ကလေး ... ။သို့သော်
ကောင်းကင်တစ်ခုလုံးပြိုကျခဲ့သည့် အဖြစ်မှန်ကိုတော့
နောက်တစ်နှစ်အကြာမှ သိခွင့်ရခဲ့ပါသည်။

•••

အိမ်တံခါးကို လာခေါက်တဲ့ လက်တစ်စုံမှာ
ကျနော့် နှလုံးသည်းပွတ်တစ်ခုလုံးကို ဆုတ်ဖြဲ
ပစ်နိုင်မယ့် လက်များလို့ သိခဲ့ရင် ကျနော် ထိုတံခါးကို
သွားမဖွင့်ပဲ ထားလိုက်မိမှာပါ။

" ဟင် !!! စီနီယာ Lu Feng "

ကျနော် အံ့သြထိတ်လန့်စွာ အကြာကြီး ဆွံ့အနေခဲ့၏။
ဘာဖြစ်လို့ တစ်နှစ် ... ကြာပြီးမှ ဒီဆက်စပ်မှုတွေ
ပြန်ပေါ်လာခဲ့ရတာပါလဲ ... ။

" Chanyeol "

စီနီယာ Lu Feng အပြုံးက အသက်မပါလှ..။သူက အနည်းဆုံး
ပြုံးပြနိုင်သေးသည် ။ ကျနော့်မှာတော့ ...။
လောကဝတ်အရ အိမ်ထဲသို့ပင် ဖိတ်မခေါ်နိုင်အောင် ကျနော်
ရိုင်းပြသွားသလားမသိ။

" ဘာကိစ္စရှိလို့လဲ စီနီယာ အိမ်ထဲဝင်ဦးလေ "

" ငါ မင်းကို တနေရာကို ခေါ်သွားစရာရှိလို့ "

အပြာရောင်ရင်ခွင်တမ်းချင်း..........Donde viven las historias. Descúbrelo ahora