Chapter( 3 )

17.7K 1.2K 15
                                    

စိတ်ညစ်လို့ Phuket လာပါတယ်ဆိုမှ အခြေအနေက
ပိုဆိုးသွားပြီး  မာန်ခ မြန်မာနိုင်ငံကို ပြန်လာခဲ့တော့တယ်။ လေဆိပ်ကို ခြေချလိုက်ရင်ပဲ သူ့နောက်က အပြေးအလွှားလိုက်လာကြတဲ့ ထိုင်းပရိသတ်တွေကို လက်ပြ နှုတ်ဆက်ခဲ့ကာ လေယာဉ်ပေါ် တက်လာခဲ့တော့တယ်။ သူ့ Seat က VIP နှစ်ယောက်တွဲခုံ။
ဘေးက တစ်ယောက် ခုထိ မလာဘူးထင်တယ်။
ငါတော့ အေးအေးဆေးဆေး နေလို့ရပြီကွ ဆိုပြီး
ဘေးက ခုံပေါ်  ခြေထောက်နှစ်ချောင်းပစ်တင်လိုက်ကာ  ဖုန်းထုတ်၊ နားကြပ်တပ်ပြီး game ကစားနေလိုက်ပါတယ်။

                                 ***********

ဂျေ လေဆိပ်ရောက်ရောက်ချင်း Board ပြားကြီးတွေကို ကိုင်ကာ လူတစ်ယောက်နောက်ကို အော်ပြီးပြေးလိုက်နေသော မိန်းကလေး တစ်သိုက်ကိုတွေ့ရတယ်။ နာမည်ကြီး တစ်ယောက်ယောက်ဖြစ်လိမ့မယ်ထင်တယ်။  ဘယ်သူလဲ ဆိုတာတော့ ဂျေ  မသိာ

'' ကယ်ကြပါဦး ကျမ ပိုက်ဆံအိတ် လုသွားလို့ ''

လူတွေ တရုန်းရုန်းဖြစ်နေတာကို အခွင့်ကောင်းယူပြီး မိန်းမတယောက်ရဲ့ ပိုက်ဆံအိတ်ကို လုပြေးသွားသော သူနောက်ကို ပြေးလိုက်ရင်း ကျောပြင်ကို ခြေထောက်နဲ့
ပစ်ကန်လိုက်တယ်။ခါးပိုက်နှိုက်က ပိုက်ဆံအိတ်လေးကို ပိုက်လျက် ဝမ်းယားမှောက်လျက်သားလဲကျသွားတယ်။ ထိုသူက လျှင်လျှင်မြန်မြန် ပြန်ထလာတော့ ဂျေက

'' ပိုက်ဆံ အိတ်ကို ပိုင်ရှင်ကို ပြန်ပေးလိုက် ''
လို့ Thai စကားဖြင့် ပြောလိုက်တယ်။

'' ဟင့်အင်း မပေးနိုင်ဘူး ငါ့ကလေး ဆေးရုံတက်နေရတယ် ဒါမှမရင် သူသေသွားလိမ့်မယ် ''

ဂျေ ထိုသူရဲ့ ပုံစံကို အကဲခတ်ကြည့်တယ်။ ဓားကိုင်ရာတွင် တုန်ယင်နေသောလက် ။
ဒူးကို ကြည့်လိုက်တော့လည်း တုန်နေတာကို
တွေ့ရတယ်။ စကားတွေကလဲ ထစ်အလို့။
ဇောချွေးတွေ ပျံနေတယ်ဆိုတော့
ထိုသူဟာ အခုမှ ပိုက်ဆံအိတ်လုဖူးသူ၊
ဓားကို ပထမဆုံးကိုင်ဖူးသူ ဖြစ်ကြောင်း  ကောက်ချက်ချကာ ထိုသူရဲ့ ကလေးဆေးရုံတက်နေရတာ အမှန် ဖြစ်နိုင်တယ်လို့ ယုံကြည်သွားတယ်။

''မင်းအဲလိုလုပ်တော့ မိရင် မင်းထောင်ကျသွားမှာပေါ့။ထောင်ကျသွားရင် မင်းကလေးအတွက် ဘယ်သူပိုက်ဆံ ရှာပေးမလဲ ''

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now