32

385 36 0
                                    

'' ရုပ်ရှင်မင်းသား မာန်ခပါဝင်တဲ့ Commando
ရိုက်ကွင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး
မာန်ခနဲ့ သူ့ရဲ့ Manager ကတော့ အခု ဆေးရုံမှာလို့
သိရပါတယ် ´´

ကားက မီးနီမှာ ရပ်နေတုန်း လမ်းထောင့်က LED ဖန်သားပြင်ကြီးမှာ လာနေတဲ့ သတင်းကြောင့် ရဲတေဇ အံ့ဩ တုန်လှုပ်သွားတယ် ။ မီးစိမ်းတာနဲ့ ချက်ချင်း ကားကို ပြန်ကွေ့ကာ ဆေးရုံသို့ အရှိန်တင် မောင်းခဲ့ပါတော့တယ်။
ဆေးရုံကို ရောက်တာနဲ့ Lobby မှာ သတင်းယူဖို့ စောင့်နေတဲ့ သတင်းထောက်တွေရှေ့ကနေ ဖြတ်ပြီး Reception ကို ဦးတည်လိုက်တယ်။

'' မာန်ခရဲ့ အခန်းက ဘယ်မှာလဲ မသိဘူးခင်ဗျ ´´

'' ရှင်က . .  ဘယ်သူလဲ´´

ဝန်ထမ်းမလေးက မယုံသင်္ကာမေးတယ်။

'' မာန်ခရဲ့ သူငယ်ချင်းပါ ´´

ဝန်ထမ်းမလေးက ရဲတေဇကို ခေါင်းစခြေဆုံး ကြည့်လိုက်တယ် ။  Gentlman ဆန်ဆန်
အနောက်တိုင်းဝတ်စုံကြောင့် ဝန်ထမ်းမလေးက ရဲတေဇကို သတင်းထောက်မဟုတ်မှန်း ယုံသွားပြီး အခန်းနံပါတ်ကို  တိုးတိုးပြောပြတယ်။

'' ကိုမာန်ခရဲ့ အခန်းနံပါတ်က××××× ပါ ´´

'' ကျေးဇူးပဲ ´´

ရဲတေဇက မာန်ခအခန်းဆီ ခပ်သွက်သွက်
ထွက်လာခဲ့တယ်။

''ဒေါက် ဒေါက် ´´

တံခါးခေါက်သံကြောင့် မာန်ခ ထဖွင့်တယ်။

''  အော် ... အကို ´´

'' အဆင်ပြေရဲ့လား။ ဘယ်နားထိသွားသေးလဲ ´´

ရဲတေဇက မာန်ခကိုမြင်တာနဲ့ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်ပူပန်စွာ မေးတော့ မာန်ခက
ပြူးကြောင်ကြောင် မျက်လုံးဝိုင်းလေးနဲ့ကြည့်နေတယ်။

'' ကျွန်တော်အဆင်ပြေပါတယ် ။ ဖြစ်တာက
ကျွန်တော်မဟုတ်ဘူး  ဂျေ ဖြစ်တာ ´´

ပြောရင်း မာန်ခက လူနာကုတင်ပေါ်က ဂျေ့ကို
လှမ်းကြည့်တယ်။ ဒီတော့မှ ရဲတေဇဟာ ဂျေ့ကို မြင်ပါတော့တယ်။

'' ဂျေ ကယ်လိုက်လို့ ကျွန်တော် ဘာမှမဖြစ်ဘူး။ အဲဒီအစား ဂျေ သတိမေ့သွားလို့ ဆေးရုံတက်နေရတာနဲ့ ကျွန်တော် စောင့်ပေးနေတာ ´´

 Secret Commando  [ Zawgyi + Unicode ] CompletedKde žijí příběhy. Začni objevovat