❦Chapter Eighteen❦ {Z+U}

Start from the beginning
                                    

သူက ဘာစကားတစ်ခွန်းမှ မဆိုပဲ ကျွန်တော့် နားထင်နှစ်ဖက်၌ ဘာမှန်းမသိသော ကိရိယာတို့ကို တပ်ဆင်နေသည်။

သူ ကျွန်တော့်ကို ဘာလုပ်မလို့လဲ။
ဘာကြောင့် ရုတ်တရက်ကြီး ကျွန်တော့်ကို...

"Chan.."

"ကိုယ် မင်းကို နာကျင်အောင် လုပ်မှာ honey"

ကျွန်တော် သိချင်နေသည့် မေးခွန်း၏ အဖြေကို သူက ခပ်ပြုံးပြုံးပင် ဆိုလို့လာသည်။
ကျွန်တော် မျက်လုံးတို့ကို မှိတ်ချလိုက်ပြီး...

"ကျွန်တော့်ကို နာကျင်စေတဲ့သူက Chan ဆိုရင်.."

"..."

"ကျွန်တော် ကျေကျေနပ်နပ် လက်ခံပါ့မယ်"

ကျွန်တော့် ဆံပင်တို့မှတစ်ဆင့် သူ့လက်ချောင်းများ၏ အထိအတွေ့ကို ခံစားရပြီးနောက် သိပ်မကြာလိုက်ခင်မှာ..

"Let's get it started Honey!"

~ • ~

မိနစ်အနည်းငယ်မျှ ကြာသည်အထိ ဦးခေါင်းတစ်ခုလုံး ကျိန်းစက်ကိုက်ခဲနေသည့် ဝေဒနာကို အလူးအလဲ ခံစားရပြီးနောက်...
လဟာပြင်ကြီးထဲ လွင့်မျောနေသလို တစ်ကိုယ်လုံး ပေါ့ပါးလာခဲ့သည်။

ဦးနှောက်ထဲမှာလည်း အတွေးအစအနလေးတောင် မရှိပဲ ဗလာနတ္ထိဖြစ်လို့...။

'Byun~ BaekHyunee~'

အသံတစ်ခု...။
အဝေးတစ်နေရာဆီမှလာသော အသံတစ်ခု။
ထူးဆန်းသည်က ထိုအသံကို ကြားရရုံမျှဖြင့် ကောက်ခါငင်ခါ စိတ်လှုပ်ရှားလာသလို။

'မနေ့က မင်းကို ဝယ်လိုက်တာ J မဟုတ်ပဲ တခြားလူဖြစ်နေခဲ့ရင်.. မင်းဘယ်လိုလုပ်မလဲ?'

ပြန်တွေးရုံမျှကိုပင် မပြုချင်ပါ။
အခြားလူတစ်ယောက်က မိမိခန္ဓာကိုယ်ကို တစ်ဘဝလုံးစာ ခြယ်လှယ်စားသုံးသွားမည် ဟူသည့် အတွေးကပင် ကျွန်တော့်အား ပြောမပြနိုင်အောင် ထိတ်လန့်ကြောက်ရွံ့စေသည်။

"သေပစ်မှာ.. ကျွန်တော် အဲ့လိုဘဝနဲ့ ဘယ်လိုမှ မရှင်သန်နိုင်ဘူး"

'hak hak!'

သရော်သလို ရယ်သံတစ်ခုထွက်လာပြီးနောက် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
မိနစ်ပိုင်းလောက် ကြာသောအခါမှ

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now