နိဒါန်း

Start from the beginning
                                    

တရားသူႀကီးသည္သမ္းေဝလ်က္သည္းမခံႏိုင္စြာေငါက္ငမ္းလိုက္၏။

ဧကရာဇ္က်င္းစုန္နန္းတတ္သည္မွာငါးႏွစ္ရိွၿပီျဖစ္ၿပီးနန္းေတာ္မွထြက္ေျပးသည္မွာမွတ္တမ္းမ်ားအရဆယ္ႀကိမ္ပင္ရိွေနၿပီ။တိုင္းျပည္ၿပိဳလဲမပ်က္စီးေသးျခင္းမွာဥာဏ္အေမ်ွာ္အျမင္ရိွၿပီးအံ့ၾသသင့္ဖြယ္ေကာင္းေအာင္ရဲစြမ္းသတၲိရိွေသာ၊သစၥာေစာင့္တည္ေသာကယ္တင္ရွင္ထုန္စင္ၿမိဳ႔စားေက်းဇူးေၾကာင့္လို႔သာဆိုရမည္။ကုန္လြန္ခဲ့ေသာဧကရာဇ္သည္ဘာေတြကိုမ်ားေတြးေတာ၍သာယာမႈ၌သာေပ်ာ္ေမြ့ေနတတ္ေသာမင္းသားတစ္ပါးကိုႏိုင္ငံေတာ္၏တာဝန္မ်ားပုခံုးထမ္းခိုင္းခဲ့သလဲဆိုတာမည္သူမ်ွမသိၾက။

တရားသူႀကီးသည္ကိုယ္ကို၌သာတီးတိုးေရရြတ္လိုက္၏။

အား...အိပ္ခ်င္လိုက္တာ..

•••••

<၁-တာ့ထုန္သည္စာေရးသူဖန္တီးထားေသာမင္းဆက္ျဖစ္ၿပီးက်င္းစုန္သည္ဧကရာဇ္အမည္နာမျဖစ္၍သူ၏နာမည္ရင္းမဟုတ္
၂-ေရွာင္ေကြးဇီသည္ကုန္းကုန္းတစ္ေယာက္ျဖစ္သည္>

[TN/နာမည္ေတျြမန္မာလိုေျပာင္းၿပီးစာျပန္စစ္ၿပီးတာနဲ႔ေအာက္အပိုင္းေတျြပန္အပ္ပါမယ္🌼]

[[U]]

တာ့ထုန်မင်းဆက်၊ဧကရာဇ်ကျင်းစုန်၊ငါးနှစ်မြောက်

တာ့ထုန်မင်းဆက်သည်နှစ်သုံးရာကျော်ကြာတည်မြဲခဲ့၏။ထိုနှစ်များ၏တစ်ဝက်လောက်ကချမ်းသာကြွယ်ဝမှုများနှင့်သာအထွန့်တည်တံ့ခဲ့သည်။တာ့ထုန်ဧကရာဇ်ကျင်းစုန်အသက်နှစ်ဆယ်အရွယ်နန်းတတ်လာစဥ်ကတည်းကစီးပွားရေး၌ပို၍ပင်အထမြောက်အောင်မြင်ခဲ့သည်။ပြည်သူများ၏ဘဝအခြေအနေသည်တည်ငြိမ်အေးခြမ်း၏။တေးသံသာများနှင့်ကခုန်ပျော်မြူးနေခဲ့သောနိုင်ငံတော်ဖြစ်တာကြောင့်ဧကရာဇ်တစ်ပါး၏တာဝန်များဆိုသည်မှာလည်းအနည်းဆုံးတော့ပေါ့ပါးလာသည်ဟုဆိုရမည်။

လက်ရှိအုပ်ချုပ်သူသည်အပျော်အပါး၌နှစ်သက်ခုံမင်သလိုဖျတ်လတ်တတ်ကြွနေတတ်သောသူမျိုးဖြစ်၏။နန်းတော်ဆိုသောလှောင်ချိုင့်အတွင်းဘယ်တော့မှအပိတ်မခံသောသူဖြစ်တာမလို့ဤကဲ့သို့သောကိစ္စရပ်များသည်ရံဖန်ရံခါဖြစ်ပွားတတ်၏—

အလုပ်ကြိုးစားသောရှောင်ကွေးဇီသည်နန်းတွင်းအိပ်ဆောင်သို့ပုံမှန်အတိုင်းစည်တော်မှငါးနာရီတီးပြီဆိုတာနှင့်မနက်ပိုင်းလုပ်ငန်းစဥ်များဖြစ်သောကိုယ်လက်ဆေးကြောရာတွင်ကူညီပေးရန်ရောက်လာခဲ့၏။

သို့သော်လည်းသံလွင်စားပွဲပေါ်တွင်ဖြန့်ထားသောစက္ကူလိပ်၌ခပ်သော့သော့ရေးထားသောစာလုံးများကိုသာတွေ့ရသည်။

"အကျွန်ုပ်၊ဧကရာဇ်၊ကျန်းနန်ကိုအလည်အပတ်သွားသည်၊အနည်းဆုံးနှစ်လအများဆုံးနှစ်ဝက်အကြာမှာပြန်လာရန်စီစဥ်ထားသည်၊အရင်အတိုင်းပဲရုံးတော်ကိုထုန်စင်မြို့စားမှကိုယ်စားတာဝန်ယူလိမ့်မည်၊ဤမျှသာ"

"ဘုရား ဘုရား..ဧကရာဇ်ထွက်ပြေးသွားပြန်ပြီ"

ရှောင်ကွေးဇီသည်အဓိကတရားရုံးတော်ရှိရာအဆောင်တော်သို့မမှန်ကန်သောခြေလှမ်းများနှင့်ပြေးလာရာလမ်းတစ်လျှောက်လုံး၌လည်းစိုးရိမ်ပူပန်မှုများနှင့်အတူအော်ငိုသံကတိတ်ဆိတ်မှုကိုဖြိုခွဲလျက်ရှိ၏။

"ကိစ္စအကြီးကြီးဖြစ်အောင်လုပ်မနေနဲ့..ဒါကပထမဆုံးအကြိမ်လည်းမဟုတ်ဘူး"

တရားသူကြီးသည်သမ်းဝေလျက်သည်းမခံနိုင်စွာငေါက်ငမ်းလိုက်၏။

ဧကရာဇ်ကျင်းစုန်နန်းတတ်သည်မှာငါးနှစ်ရှိပြီဖြစ်ပြီးနန်းတော်မှထွက်ပြေးသည်မှာမှတ်တမ်းများအရဆယ်ကြိမ်ပင်ရှိနေပြီ။တိုင်းပြည်ပြိုလဲမပျက်ဆီးသေးခြင်းမှာဥာဏ်အမျှော်အမျှင်ရှိပြီးအံ့သြသင့်ဖွယ်ကောင်းအောင်ရဲစွမ်းသတ္တိရှိသော၊သစ္စာစောင့်တည်သောကယ်တင်ရှင်ထုန်စင်မြို့စားကျေးဇူးကြောင့်လို့သာဆိုရမည်။ကုန်လွန်ခဲ့သောဧကရာဇ်သည်ဘာတွေကိုများတွေးတော၍သာယာမှု၌သာပျော်မွေ့နေတတ်သောမင်းသားတစ်ပါးကိုနိုင်ငံတော်၏တာဝန်များပုခုံးထမ်းခိုင်းခဲ့သလဲဆိုတာမည်သူမျှမသိကြ။

တရားသူကြီးသည်ကိုယ်ကို၌သာတီးတိုးရေရွတ်လိုက်၏။

အား...အိပ်ချင်လိုက်တာ..

•••••

<၁-တာ့ထုန်သည်စာရေးသူဖန်တီးထားသောမင်းဆက်ဖြစ်ပြီးကျင်းစုန်သည်ဧကရာဇ်အမည်နာမဖြစ်၍သူ၏နာမည်ရင်းမဟုတ်
၂-ရှောင်ကွေးဇီသည်ကုန်းကုန်းတစ်ယောက်ဖြစ်သည်>

[TN/နာမည်တွေမြန်မာလိုပြောင်းပြီးစာပြန်စစ်ပြီးတာနဲ့အောက်အပိုင်းတွေပြန်အပ်ပါမယ်🌼]

Hua Hua You Long[花花遊龍]Where stories live. Discover now