*Beautiful Story*9

1.5K 197 20
                                    

Kim Jong Inစိတ်​ဆိုး​နေသည်
အ​ကြောင်းပြချက်​မှာသူ့ကိုညမအိပ်​ခိုင်းလို့ဖြစ်​သည်​😣

တစ်​မနက်​လုံး ​တစ်​​နေ့ခင်းလုံး​နေလာတာအ​ကောင်းတိုင်းပင်
ည​နေကျမှမပြန်​ဘူးဆိုကာအတင်းဂျီကျသည်
အဖျား​ပျောက်​တာမှဟိုဘက်​​တောင်​လွန်​​နေပြီကိုစိတ်​မချဘူးဟုဆိုကာရစ်​သည်

အိမ်​ကိုဖုန်းဆက်​ကာ​ပြောမည်​တကဲကဲလုပ်​​နေ၍
အတင်းကာ​ရောအိမ်​ပြင်​တွန်းထုတ်​ ပြန်​ခိုင်း​တော့နှုတ်​ခမ်းကိုတစ်​​တောင်​​လောက်​​ထော်​ကာမျက်​​စောင်းအကြီးကြီးထိုး၍ပြန်​သွားသည်​😖

ည​ရောက်​သည်​ထိဖုန်းမဆက်​ပုံ​ထောက်​ရင်​တကယ်​စိတ်​ဆိုး​နေသည်​နှင့်​တူသည်
ခြေ​ဆောင့်​သွားသည်​မှာလည်း
လမ်းသာအသက်​ရှိလျှင်​ကျိန်​ဆဲ​​လောက်​မည်

က​လေးဖြစ်​လိုက်​လူကြီးဖြစ်​လိုက်​​ကောင်​​လေးအ​ကြောင်း​တွေးမိ​တော့အလိုလိုပြုံးမိသည်

သူမဆက်​​တော့လည်းကိုယ်​ဆက်​ရတာ​ပေါ့
ဆက်​လို့မကိုင်​ရင်​​ရော?
ဒါ့ထက်​မဆက်​ရင်​ပိုစိတ်​ဆိုးသွားမည်​က​သေချာ​နေသည်

ပြတင်း​ပေါက်​နားသွားရပ်​ကာတန်းကိုခုံဖြင့်​တတိတိ​ခေါက်​​နေ​ရင်းဖုန်း​ဆက်​လိုက်​သည်

တီ.......
တီ..

"ဟယ်​လို"

ချက်​ချင်းကိုင်​ပုံ​ထောက်​ဖုန်း​ခေါ်မှာကို​စောင့်​​နေသည်​လား
ဂိမ်းပဲ​ဆော့​နေသလားမသိ

"Arr Jongin ahဘာလုပ်​​နေလဲ"

"အဟင်း စာကျက်​​နေတာ​ပေါ့"

ချေသည့်​အသံ​ပေါက်​​နေပုံကြည့်​ရတာစိတ်​ဆိုးမ​ပြေ​သေးဘူးထင်​သည်

"ဟုတ်​လား
ဒီအတိုင်း​ဆက်​လိုက်​တာ
ဒါဆိုhyungဖုန်းချလိုက်​​တော့မယ်
စာဆက်​ကျက်​​နော်​"

"ခဏ​လေး"

အသံမှာအ​လောတကြီးနှင့်​ဖြစ်​သည်
တမင်​စချင်​၍​ပြောလိုက်​တာတကယ်​ထင်​သွားသည့်​အတွက်​ကြိတ်​ပြီးရယ်​မိလိုက်​သည်
ဖုန်း​ပြောတိုင်းသူအရင်​ချမှနားကခွာလိုက်​တာကိုသူမှမသိပဲ

Beautiful storyWhere stories live. Discover now