ကိုယ့်အပြစ်တွေပါ Han ရယ် ကိုယ်မင်းဘေးမှာရှိနေခဲ့သင့်တာ ကိုယ်မင်းကိုမထားရစ်ခဲ့သင့်ဘူး

"Han ရယ်"

ရင်ထဲတနုံ့နုံ့ခံစားရခက်စွာ နှုတ်ခမ်းတွေကပါ အလိုအလျောက် အသံထွက်ရေရွတ်မိတယ်

ဆေးရုံအုပ်ကြီးအခန်းကထွက်လာပြီး ကျွန်တော်တို့ရုံးခန်းလေးထဲပြန်ရောက်မှ လူကြားထဲ တင်းခံထားခဲ့ရတဲ့ မျက်လုံးတွေကသည်းမခံနိုင်စွာ မျက်ရည်ပူတွေသွန်းလောင်းတယ်

"ကိုယ်ဘာတစ်ခုမှမသိခဲ့ပါလား Han ရာ တောက်!!"

ကိုယ့်ကိုကိုယ်ဒေါသဖြစ်စွာ အခန်းနံရံနဲ့လက်သီးတချက်မိတ်ဆက်သွားစေတယ်

အခန်းတံခါး lock ချပြီး စိတ်ရှိတိုင်းငိုကြွေးလို့ကျေနပ်သွားမှ မျက်နှာပြန်သစ်ရင်း Han ရှိရာအခန်းလေးဆီပြန်သွားမိတယ် Chanyeol တယောက် duty ချိန်မို့အလုပ်ရှုပ်နေပေမယ့် Kai ကလူနာစောင့်အနေနဲ့ရှိနေပေးတယ်

"Kai yah နောက်တရက် နှစ်ရက်နေရင် Han ကို မင်းတို့ ward ကိုပြောင်းပေးမယ် ဆေးရုံအုပ်ကြီးကိုယ်တိုင်က သူ့ရဲ့တခြား ဆေးရုံအခွဲတခုကနေ Han ကိုဒီခေါ်လာတာ မင်းနဲ့အပ်မလို့ကို သူမအားသေးလို့တဲ့ ပြီးတော့ မနေ့ညက Han ကနေရာသစ်မို့လန့်ပြီးထွက်ပြေးတာထင်ပါတယ်"

Han ကပြန်အိပ်ပျော်နေတာကြောင့် Kai ကိုအကျိုးအကြောင်းရှင်းပြမိတယ်

"မင်းအသံက ဘာဖြစ်နေတာလဲ"

"အဟင်းး ဘာမှမဖြစ်ပါဘူး"

ငိုထားတဲ့အရှိန်ကြောင့် မူမမှန်စွာ တုန်ယင်ချင်နေတဲ့ အသံကို အကင်းပါးစွာ Kai မေးတော့ လည်ချောင်းတချက်ရှင်းရင်း ပြောင်လိမ်မိတယ်

"ဆရာကြီးက ဘာပြောသေးလဲ သူ့အခြေအနေ"

"မင်းနဲ့သူအသေးစိတ်တိုင်ပင်မယ်တဲ့"

ဒီ့ထက်ပိုပြီး ကျွန်တော်ဆက်မပြောချင်တော့ မပြောနိုင်တာဆိုလျှင်ပိုမှန်ကန်ပါလိမ့်မယ်

"Sehunnie မင်းအဆင်ပြေရဲ့လား"

အရိပ်အကဲသိလွန်းတဲ့ Kai က ကျွန်တော်ဖွင့်မပြောပြလဲ ကျွန်တော့်စိတ်ကိုသိနေသလိုလို

စွန်Where stories live. Discover now