Fan Boy is Just A Fan Boy Ch-11

941 127 7
                                    

Unicode (Zawgyi below)

Taeyong's POV

"Ya Mark"

မနက် ၅ နာရီကနေ ၆ နာရီကြားလောက်ဆို ကျနော်ကအဲ့ကိုယ်တော်လေးကိုနှိုးရတယ်ဗျ

တခြားတော့မဟုတ်ဘူး အဝတ်လျှော်ခိုင်းမလို့။ သိတယ်မလား leader ကလည်းဖြစ် အကြီးကလည်းဖြစ်တော့ power သုံးပြီး အငယ်တွေကိုခိုင်းရတာ

ရေချိုးခန်းထဲကထွက်ပြီး Mark အိပ်တဲ့အခန်းထဲကိုကျနော် တံခါးမခေါက်ဘဲဖွင့်ဝင်သွားလိုက်တယ်

အိပ်ရာပေါ်ကပစ္စည်းတွေကို HaeChan နဲ့အတူကြည့်နေရင်းနဲ့စောင်နဲ့အမြန်အုပ်ချလိုက်တယ် ကျနော်လာမှအသည်းအသန်ကြည့်နေတဲ့ပစ္စည်းတွေကိုစောင်အောက်ထဲထည့်ပြီးဖွက်လိုက်တာကတော့....

နောက်ပြီး အခန်းဖော်မဟုတ်တဲ့ HaeChan ကပါ Mark အခန်းထဲရောက်နေတာ

အမြဲတမ်းဒီလိုအချိန်ဆိုရင် မနိုးသေးတဲ့ Mark ကလည်းဒီနေ့မှနိုးနေတာတွေ

"Ya မင်းတို့တွေဘာလုပ်နေတာလဲ? စောနကဘာတွေလဲ?"

"Arni ဘာမှမဟုတ်ဘူး"

"ဘာမှမဟုတ်ရင်ဘာလို့မပြနိုင်ရတာလဲ? ပြစမ်း"

"တကယ်ဘာမှမဟုတ်တာ Hyung"

"မင်းတို့တွေ မဟူတ်တာတွေလုပ်နေတယ်လို့တော့မပြောနဲ့စမ်း"

ကျနော်သူတို့ ၂ကောင်ကိုမရမကအတင်းဆွဲချပြီး စောင်ကိုသူတို့ဖွက်ထားတဲ့ပစ္စည်းတွေကိုကြည့်ဖို့ဖယ်လိုက်တယ်

ကျနော်အရမ်းသိချင်နေတဲ့ပစ္စည်းက ကျနော်ထင်သလိုဟိုလိုမဟူတ်ကရပစ္စည်းတွေမဟုတ်တဲ့ အရိုးရှင်းဆုံးသောပစ္စည်းတွေ

ဘယ်လောက်ထိရိုးရှင်းသလဲဆိုရင်

The 7th sense Album , Light Stick , Poster , Photo card , Limitless Album နဲ့အခြားသောအရာတွေ။ ကျနော်တို့ရဲ့ပစ္စည်းတွေ အထူးသဖြင့် ကျနော့်ရဲ့ပုံတွေ poster တွေကအစ photocard ကအဆုံးကျနော့်ပုံတွေ

"ငါ့ပုံတွေဖြစ်နေလို့မင်းတို့အသည်းအသန်ဖွက်နေရတာလား hahah"

အူကြောင်ကြောင်နိုင်လွန်းတဲ့ သူတို့၂ယောက်ကိုကျနော်လှောင်ပြီးရယ်လိုက်တယ်

Fan Boy Is Just A Fan Boy Onde histórias criam vida. Descubra agora