ဘာသာပြန်​သူ

Start from the beginning
                                    

" ငါ​ပြောတဲ့ အထူးအစီအစဉ်​ဆိုတာ...
ကြက်​ကင်​စားမယ်​လို့​ပြောတာ... "

" ကြက်​ကင်​? ​yayyy ahayyhayy... "

Kai တို့ လက်​ခုပ်​လက်​ဝါးတီးပြီး​တော့ကို ဝမ်းသာအား
ရ ​ပျော်​ရွှင်​သွားတာ...။ ​ကျောင်းစာ​မေးပွဲစာအုပ်​​တွေ
ပျောက်​ကုန်​ပြီလို့​ပြော​တောင်​ အဲ့သ​လောက်​ဝမ်းသာ​နေ
မယ်​မထင်​...။

" D.O. ရယ်​...ကြက်​ကင်​​လေးမှာစားတာများ
အထူးအစီအစဉ်​​တွေဘာ​တွေလုပ်​​နေ​သေးတယ်...၊
ငါတို့က လန့်​​တောင်​လန့်​သွားရတယ်​... "

ရင်​ဘတ်​​လေးဖိကာ အမှန်​တကယ်​ပင်​ လန့်​​နေဟန်​​ပေါ်
သော Suhoကို D.O. အူတူတူ​လေး ပြန်​ကြည့်​လာ
သည်​...။

" အထူးအစီအစဉ်​ပဲ​လေ...
ကြက်​ကင်​ကို မှာစားမှာမှမဟုတ်​တာ...ကိုယ်​တိုင်
ဖမ်းပြီး ကင်​စားမှာ... "

" ဘာ !!!!!!! "

အိုး...D.O. ရဲ့ စပယ်​ရှယ်​အစီအစဉ်​​ကြောင့်​ အကုန်​လုံး
မျက်​လုံးပြူးမျက်​ဆန်​ပြူး​တွေကို ဖြစ်​ကုန်​ကြတာ...။
ဘယ်​လိုလုပ်​ သူတို့က ကြက်​ကို ကိုယ်​တိုင်​ဖမ်းကင်​ရ
မတုန်း...။

" D.O. ah... ​လက်​ကမ်း​ကြေညာစာရွက်​ထဲက
ကြက်​ကင်​ပုံစံကြီးကို ကတ်​​ကြေးနဲ့ဖြတ်​ပြီး ​​ရော့..ဒီမယ်
ကြက်​ကင်​လို့ ​ပြော​ကျွေး​တောင်​...
ငါ ရူးချင်​​ယောင်​​ဆောင်​ပြီး စက္ကူကြီးကို ဝါးစားပြပါ့
မယ်​ကွာ...
မင်းအစီအစဉ်​ကို​တော့ ဖျက်​သိမ်းလိုက်​ပါလား... "

သနားစဖွယ်​​လေးဆိုလာ​သော Chanyeolအသံက
D.O. နားထဲ လုံးဝမဝင်​...။
Kaiဆို ​စောနက တဖတ်​ဖတ်​တီး​နေတဲ့ သူ့လက်​သူ
တဖြန်းဖြန်းရိုက်​ရင်း ​နောင်​တအကြီးအကျယ်​ရ​နေတာ။

" ဟုတ်​ပါတယ်​ကွာ...
ကြက်​ကို ကိုယ်​တိုင်​ဖမ်းရ​အောင်​က ဘယ်​မှာလဲကြက်​ "

" ကြက်​​ရောင်းတဲ့ဆိုင်​​တွေရှိသား..
အဲ့က အရှင်​တစ်​​ကောင်​ဝယ်​ခဲ့ပြီး အိမ်​မှ ကင်​စားမှာ​ပေါ့.. "

ဟင့်​အင်း...ဒီ D.O. စိတ်​ကို ဘယ်​သူကမှ​ပြောင်းလဲ​ပေး
နိုင်​မှာ မဟုတ်​ဘူးဆိုတာ သိ​နေ​တော့ အကုန်​လုံး ငို
တောင်​ငိုချင်​လာကြသည်​...။
သူများ​တွေက ငိုချင်​ရတဲ့အထဲ Xiuminက ပြုံး​နေ
တော့ ရူးများရူးသွားပြီလားဆိုပြီး နဖူးဝိုင်းစမ်းရ​သေး
တာ...။တော်​​သေးတယ်​...သူ့ဟာသူ တခြားဟာစဉ်းစား
ပြီး သ​ဘောကျ​နေတာမို့...။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now