Part-1 ( Z+U)

49.5K 2.1K 133
                                    

*ဦး​လေးငယ်​* (Zawgyi)

'Hello~~Morning~~
~~Happy Birthday To Me!!!'

နံနက်ခင်းတေးသံသာသဖွယ်...သာယာနာပျော်ဖွယ်အသံစူးစူးလေးအပေါ်ထပ်တောက်လျှောက်ပျံ့နှံ့ပီးပါမှ...အောက်ထပ်ထိဆက်ပျံ့လွင့်လာသည်...

ဆူညံနေအောင်ဒုန်းဒုန်းဒိုင်းဒိုင်းပြေးဆင်းလာသည့်အောက်တွင်သူဌေးကြီးParkမှာကြည်နူးစွာပြုံးရင်းဆီးကြိုနေရှာလေသည်...

'Happy Birthdayမြေးလေး...ပျော်ရွှင်စရာကောင်းပြီးထူးကဲသာလွန်တဲ့မွေးနေ့ဖြစ်ပါစေကွာ...'

'ထူးကဲသာလွန်တဲ့မွေးနေ့ဖြစ်အောင်ဘိုးဘိုးဖန်တီးပေးပေါ့~~ရွှတ်~~'

ထမင်းစားဝိုင်းတွင်အစဉ်လိုက်ထိုင်နေပြီးဖြစ်သောဘိုးဘိုးပါးကိုပထမဦးစွာနမ်းလိုက်ရင်းဘိုးဘိုးအနီးတွင်ထိုင်နေသောကြီးကြီးPark...
ပီးတော့မေမေByun~~
နောက်ဆုံးတီလေးPark~~

အားလုံးပါးတွေကိုအနမ်းပေးပီးပါမှထမင်းဝိုင်းတွင်ဝင်ထိုင်ရင်းနံနက်စာပြင်ဆင်ထားပြီးသောဘာဂါတစ်ခုကိုယူကာကိုက်လိုက်သည်...

'ကဲ...BaekBaekလေး...ကြီးကြီးကလေးလေးလက်ဆောင်ဘာယူမှာလဲ...'

၁၈နှစ်ပြည့်သည့်တိုင်မွေးနေ့ရောက်တိုင်းအမေးမပြတ်လေသောကြီးကြီးမေးခွန်း...ဒီနေ့ရောက်လာဖို့ကိုမနှစ်ကမွေးနေ့ပြီးတည့်ကဆုတောင်းနေခဲ့ရတာ~~
အပျော်လုံးစို့သွားသောBaekhyunတစ်ယောက်နင်နေသောမုန့်ကိုကော်ဖီနှင့်မျှောချလိုက်ရင်း...

'သားလိုချင်တာကိုတကယ်ဝယ်ပေးရမှာနော်ကြီးကြီး...'

'ကားကလွဲရင်အကုန်ဝယ်ပေးမယ်...ဟင်း...ဟင်း...'

Baekကိုက်ထားလို့မွစကြဲနေသောဘာဂါကိုပန်းကန်ပေါ်ဆောင့်ချလိုက်ရင်း...

'ဟင့်...ကြီးကြီးမကောင်းဘူး...မေမေလည်းမကောင်းဘူး...ဘိုးဘိုးလည်းတူတူပဲ...အားလုံးမကောင်းကြဘူး...သား၁၈နှစ်ပြည့်ပီလေဘယ်သွားသွားကိုယ့်ကားလေးကိုယ်မောင်းပီးသွားချင်တာပေါ့...'

အကုန်လုံးကိုမျက်စောင်းထိုးရင်းစူစူပုပ်ပုပ်နှင့်ရေရွတ်ပြတာကိုပြုံးပြီးဝိုင်းကြည့်နေကြတယ်...
လူကိုမျောက်လို့သတ်မှတ်ပြီးမျောက်ပွဲကြည့်သလိုကြည့်နေကြတယ်...

*ဦး​လေးငယ်​*Where stories live. Discover now