ညတိုင်း ကျွန်တော်ငေးကြည့်တဲ့
ကောင်းကင်က ကြယ်လေးတွေလိုပဲ...
ကလေးရဲ့မျက်ဝန်းတွေဟာ
တောက်ပပြီးဖြူစင်တယ်.... ။~STARLIGHT~
အရိုးကွဲလုတမျှ အေးစိမ့်သော ခံစားချက်သည်
ကျောအောက်မှ တရိပ်ရိပ်တိုးဝင်လျက် ခန္ဓာကိုယ်တွင်းသို့ဖောက်ထွင်းရန်ကြိုးစားနေသည် ။ရေခဲထုထည်တွင်မှီတင်နေသော အသားစိုင်များမှာ အက်ကွဲလုနီးပါး ထုံကျင်လာသည် ။
သွေးတို့ဖြင့်စေးကပ်နေသည့်လက်ဖ၀ါးထုထည်က မြေကြီးမှရေခဲမှုန်များကို အထွေးလိုက်ဆုပ်ကိုင်မိသည် ။
အဆုံးမရှိသောမှေးစက်ခြင်းမျိုးကို တောင့်တ မိသည်အထိ ပင်ပန်းနာကျင်သည် ။သို့သော် ....နောက်ဆုံးသတိ ..
ကျွန်တော်မျက်လုံးဖွင့်ရမည် ။"Ahh ..."
အရှိန်ယူ၍ကုန်းထရန်ကြိုးစားသော်လည်း
သူမထနိုင် ။နှစ်ချက်မကသော ဓားထိုးသွင်းချက်များကြောင့်
ဝမ်းဗိုက်မှတစ်စိမ့်စိမ့်စီးသော အနီရည်တို့ကို လျစ်လျူရှုရင်း သူ့အနီးရှိ လဲနေသောခန္ဓာကိုယ်တစ်ခုနားသို့ ဒရွတ်တိုက်သွားလိုက်သည် ။"Marku.... ထ...ထတော့ ။ ကိုယ်တို့ အိမ်ပြန်ကြမယ်လေ..."
သေးငယ်သောခန္ဓာကိုယ်မှအေးစက်လွန်းမကအေးစက်သော အထိအတွေ့ကြောင့် သူအထိတ်တလန့်ဖြစ်လာသည် ။
သွေးခဲသွားပြီလား...." Markeu... Markeu.... ကလေး... "
သတိရလိုရငြား ပါးနှစ်ဖက်ကိုခပ်ဆတ်ဆတ်ရိုက်နှိုးတော့ အနည်းငယ်လူးလွန့်လာသည် ။ဘုရားသခင်သည် သူတို့ဖက်တွင်ရပ်တည်နေသေးသည်ဟုသူခံစားရသည် ။
Mark၀တ်ထားသောကုတ်အင်္ကျီထဲမှ
အဆက်မပြတ်တုန်ခါလာသော ဖုန်းသံကြောင့် သူဝမ်းသာ သွားမိပြန်၏ ။