အပိုင်း - ၈

1.8K 280 94
                                    

☝️☝️☝️{BGM} ☝️☝️☝️

~•~•~•~•~•~•~•~•~•~

အချိန်တွေကို ဒီလောက်တွန့်တိုခဲ့ဖူးလား...

နာရီစက္ကန့်သံ တချောက်ချောက်ဟာ ဒီလောက်ခြောက်ခြားစရာ ကောင်းဖူးခဲ့လား...

ဝင်သက်ထွက်သက်တွေ မှားလောက်တဲ့အထိ မွတ်သိပ်စွာ ဆွဲယူရှိုက်ငင်နေကြတဲ့ နှုတ်ခမ်းတွေက အသက်ရှူဖို့ခဏ ခွဲခွာရတဲ့အချိန်လေးကိုပင် နှမြောတသ၍ မဆုံးနိုင်တော့။ ချိုမြနွေးထွေးလွန်းသော အနမ်းများက ငတ်မပြေသည့် ပင်လယ်ရေလို။ သူ့လှုပ်ရှားမှုတွေမှာ တုန့်ပြန်သည့် မင်ဆော့၏ ညည်းညူသံသဲ့သဲ့... စီးကရက်နံ့နှင့် သုံးနေကျလိုးရှင်းရနံ့တို့ ရောပြွန်းနေသော မင်ဆော့၏ကိုယ်ပိုင်ရနံ့သင်းသင်း... အထိအတွေ့တွေ... အငွေ့အသက်တွေ... အကြိမ်ပေါင်း ထောင်သောင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးတာမို့ အရာအားလုံးက အိပ်မက်တစ်ပုဒ်အလား။ သို့ပေမယ့်လည်း အိပ်မက်မဟုတ်ခဲ့။ သူမက်ခဲ့ဖူးတဲ့ အိပ်မက်တွေထဲမှာ ကန့်သတ်ချုပ်ချယ်ထားတဲ့ အချိန်တွေမရှိ၊ တစ္ဆေညည်းသံလို ခြောက်လှန့်နေတဲ့ နာရီစက္ကန့်သံတွေမရှိ၊ မျှော်လင့်ချက်ကင်းမဲ့စွာ စောင့်ကြိုနေတဲ့ မနက်ဖြန်တွေမရှိ။

အခုတော့... ညရယ်... မလင်းပါနဲ့တော့လား....

ကြင်နာနွေးထွေးမှုအပြည့်နဲ့ မော့ကြည့်နေတဲ့ မင်ဆော့ရဲ့မျက်ဝန်းတစ်စုံဟာ သူ့ကို လိုချင်တပ်မက်မှုတွေရဲ့ ဟိုးအဆုံးစွန်ထိရောက်အောင် တွန်းပို့ပေးနိုင်သည်။ ခန္ဓာကိုယ်ရဲ့ နူးညံ့နွေးထွေးလွန်းတဲ့ လျှို့ဝှက်အနက်ရှိုင်းဆုံးနေရာကို တိုးဝင်တိုင်းမှာ ကိုယ်မဟုတ်တဲ့ တခြားလူတွေ ထိတွေ့ခဲ့ဖူးမှာကို တွေးမိတိုင်းတွင် မနာလိုစိတ်ဖြင့် ရူးသွပ်သည်... မခံချင်စိတ်ဖြင့် ရူးသွပ်သည်။ အချိန်ကာလပေါင်းများစွာ ထိန်းချုပ်ထားခဲ့သမျှ လိုအင်ဆန္ဒတွေနောက် ကြမ်းရမ်းစွာ လိုက်မိတော့ မင်ဆော့က မျက်နှာချင်းဆိုင်ရမှာ ရှက်ရွံ့လာသလို သူ့ကိုတွန်းထုတ်ပြီး ကျောပေးဖို့ပြင်သည်ကို ခပ်တင်းတင်းဆွဲဖိထားရင်း တားမြစ်မိသည်။ နောက်ဆုံးအချိန်အထိ အဲဒီကျောပြင်ကို ငေးကြည့်မနေချင်တော့။ တခါတရံတော့ သိုသိုသိပ်သိပ် ဖုံးဖိထားတဲ့ကြား ရယူပိုင်ဆိုင်လိုခြင်းတွေက အတိတ်ကဒဏ်ရာတွေကြား ခေါင်းပြူလာတတ်သည်။ သူ့ကိုကျောပေးပြီး တခြားတစ်ယောက်နဲ့ လက်တွဲကာ လှည့်ထွက်သွားတိုင်း အဲဒီနောက်ကျောပြင်ကိုငေးကြည့်ရင်း ဘေးကတစ်ယောက်ကို အရှင်လတ်လတ် အရေခွံဆုတ်လို့ မင်ဆော့... သူ့ကိုတော့ ဘယ်သူမှမမြင်နိုင်အောင် အခန်းတစ်ခန်းထဲ သော့ပိတ်ထားပစ်ချင်တဲ့ မူမမှန်တဲ့အတွေးမျိုးတွေနဲ့ သူဘယ်လောက်ပူလောင်နေခဲ့တယ်ဆိုတာ မင်ဆော့ ဘယ်တော့မှ သိနိုင်လိမ့်မည်မဟုတ်တော့။

နှံ နွံWhere stories live. Discover now