ချစ်သူ၏ခြေဖဝါးအောက်ကြွေကျသွားသောနောင်တအပိုင်းအစများ

6.1K 424 70
                                    

( ဒီ fic လေးက အိ FBမှာ Boyoo Couple အတွက်ပြိုင်ပွဲဝင်ခဲ့ဖူးတဲ့

Fic လေးကိုအရမ်းသဘောကျတာမို့

Hunhan Ver ပြန်ပြောင်းပြီးရေးထားတာပါ

Normal ကနေ Yaoi ကိုပြောင်းလဲရေးသားထားတာမို့

လိုအပ်တဲ့အကြောင်းအရာကလွဲရင် နဂိုကအတိုင်းပဲပြန်ထည့်ထားတာပါ

ပြိုင်ပွဲဝင်စာမူဖြစ်ပေမယ့် Ver ပြင်ရေးတာမို့ခွင့်ပြုပေးမယ်လို့ထင်ပါတယ်

အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်ခွင့်တောင်းဖို့အဆင်မပြေလို့ပါ

အချိန်များရခဲ့ရင် ဖတ်ရှုပေးကြပါဦးနော်)

" သူ... ပြန်လာမယ်တဲ့ Ki "

ကျွန်တော်လှည့်မကြည့်ပေမယ့် အဲ့ဒီစကားသံထွက်လာပြီဆိုရင်
သူ့မျက်နှာက မျှော်လင့်ချက်တွေတပုံတပင်နဲ့ပြည့်သိပ်နေသလို

တစ်ချိန်တည်းမှာပဲ မဖြစ်နိုင်ပါဘူးလို့တွေးနေခဲ့သယောင်...

ထုံးစံအတိုင်းသက်ပြင်းကိုသာချပြီး
" အင်း.... ပြန်လာမယ်ဆိုပြန်လာမှာပေါ့
Hannie ကလိမ်တတ်တဲ့ကလေးမှမဟုတ်တာ"

နေ့စဉ်နေ့တိုင်းသူကမပျက်မကွက်ပြောသလို

ကျွန်တော့်အဖြေကလည်း အကြိမ်တိုင်းမှာထပ်တူထပ်မျှ....

တကယ်တမ်း ကျွန်တော်မဖြေချင်တော့ပါ တဆစ်ဆစ်နာကျင်ရသောရင်ဘတ်ထဲကခံရခက်တဲ့ဝေဒနာတို့ကို

ဖုံးကွယ်ဖို့အတွက် ကိုယ်တိုင်တောင်ယတိပြတ်ယုံကြည်နိုင်တာမဟုတ်တဲ့

အဖြေတစ်ခုကို ထပ်ခါထပ်ခါဖြေရှင်းပြီးတိုင်း မလုံလဲမှုတို့ဖြင့်ကျွန်တော့်နဖူးတို့ချွေးစို့လာရမြဲ

ကျွန်တော်ကချွေးစို့ရုံလေးပေမယ့် သူတို့နှလုံးသားတွေကတော့

ပြန်ပြင်ဆင်လို့မရအောင် အစိတ်စိတ်အမွှာမွှာပျက်စီးခဲ့ကြောင်းကို

ပြန်သတိရမိတော့မှ အမည်တပ်ဖို့ခက်တဲ့

ခပ်ဝါးဝါးအပြုံးတစ်ခုကို ခပ်မြန်မြန်တပ်ဆင်လိုက်ပြီး

ချစ်သူ၏ခြေဖ၀ါးအောက်ကြွေကျသွားသောနောင်တအပိုင်းအစများNơi câu chuyện tồn tại. Hãy khám phá bây giờ