Part{17}

4.7K 233 1
                                    

ကော်ဖီပန်းကန်ကို ဆုပ်ကိုင်လျက်ရှိသော ဖြူသွယ်သွယ်လက်ချောင်းလေးများ....
လက်သည်းလေးများကို တိတိရိရိ လှီးဖြတ်ထားပုံက လက်ချောင်းသွယ်တို့နှင့် လိုက်ဖက်ညီစွာ~~~

ခပ်တင်းတင်းစေ့လျက်ရှိသော ချယ်ရီရောင် နှုတ်ခမ်းပါးလေးတစ်စုံ....
ထိုနှုတ်ခမ်းပါးတို့ဖြင့် ဖုံးအုပ်၍ထားသော သွားတန်းဖြူဖြူလေးတို့က လှပသော ပုလဲလုံးလေးတွေအလား~~~

Linerထူထူတို့ဖြင့် မွမ်းမံ၍ထားလျက်ရှိသော မျက်ဝန်းညိုညိုလေးတစ်စုံ....
ထိုမျက်ဝန်းတစ်စုံနှင့် လိုက်ဖက်ညီသော နှာတံစင်းစင်းလေးက ကမ္ဘာကျော်ပန်းချီဆရာတစ်ဦးမှ ရေးဆွဲထားသည့်အလား~~~

Byun Baekhyunဆိုသော လူသားကား အနုစိတ်မှုန်းခြယ်ထားသော ပန်းချီကားတစ်ချပ်မှ အရုပ်လေးတစ်ရုပ်အလား လှပခြင်း သိမ်မွေ့ခြင်းတို့နှင့် ပြည့်စုံလှပေ၏။

"တွေ့ရတဲ့အကြောင်းအရင်းက?"

သူ့ဆီမှနှုတ်ထွက်စကားတစ်ခွန်းက ကျမစိတ်အစုံကို တုန်လှုပ်ခြောက်ခြားစေ၏။
ပန်းချီဆရာတစ်ဦး ရေးဆွဲခြယ်မှုန်းထားသော အရုပ်ကလေးတစ်ရုပ်သို့ ဤမျှသာယာသော အသံအိုးကို မည်သို့သောနတ်ဘုရားများက ပေးအပ်ထားလေသနည်း။

ပုရိသယောက်ျားတစ်ယောက်၌ ဤသို့သော ပြည့်စုံမှုမျိုး လိုအပ်လေသလား?

"Min Wan Yaung shi"

ရှေ့မှောက်ဆီမှ သူ့စကားသံအချို့က ကျမအတွေးတို့အား လက်ရှိကာလဆီသို့ ပြန်လည်ရောက်ရှိစေသည်။

"ကျမပြောချင်တာက..ကျမအမျိုးသားဘေးကနေရှင့်ကိုထွက်သွားပေးဖို့ပဲ"

သူမစကားအဆုံး သူအကြောင်းမဲ့စွာ ပြုံးလိုက်မိသည်။ မျှော်လင့်ထားပြီးသား စကားတစ်ခွန်းဖြစ်သည်မို့ အံ့ဩခြင်းမရှိသောငြား ဘယ်ဘက်ရင်အုံတစ်နေရာကတော့ ထူးဆန်းစွာစူးအောင့်သွားလေရဲ့။

"အိမ်ထောင်ရှိပြီးသားလူတစ်ယောက်ဘေးနေနေတော့ရောရှင့်အတွက်ဘာအကျိုးတွေရှိမှာတဲ့လဲ?"

ဘာအကျိုးတွေရှိမှာလဲ? အဲ့လိုမေးတဲ့သူမကို သူမေးချင်စမ်းပါ၏။ အဖြူရောင်ချစ်ခြင်းတရားတစ်ခုမှာ ကိုယ်ကျိုးဆိုတာမျိုး ပါဝင်လေသလားလို့။

As You LikeOnde as histórias ganham vida. Descobre agora