"ဂိုလျောလူမျိုးဖြစ်တာဘာဖြစ်လို့လဲ Hyun"

"ကျစ်....Park Chanyeol မင်းဒါလေးတောင်မသိဘူးလား...ဘယ်တောကထွက်လာတာလဲဟမ်?"

"Hyun ကလဲကျွန်တော်မှတိုင်းပြည်ရေးတွေစိတ်မဝင်စားတာ ဘယ်သိမှာလဲဗျ"

"တိုင်းပြည်ရေးစိတ်မဝင်စားရင်တောင် မင်းဒါတော့သိသင့်တယ်လေကွာ...ကဲ ထားပါတော့ အရင်မသိလဲအခုတော့သိထားသင့်တယ်...မင်းကအခု ယွမ်နိုင်ငံထဲရောက်နေပြီလေ...ငါပြောပြမယ်သေချာနားထောင်"

Baekhyun ပြောနေရင်း Chanyeol ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ သူပြောမဲ့စကားကိုစိတ်ဝင်တစားနားထောင်နေတာမို့ စကားပြန်ဆက်လိုက်သည်။

"ဒီလိုလေ ငါတို့တိုင်းပြည်မှာ မယ်တော်ကြီးက ဂိုလျောလူမျိုးတွေဆိုသိပ်မုန်းတာ...ဟိုးအရင်ကတည်းက မုန်းပေမဲ့ပိုဆိုးသွားတာက ငါ့မယ်တော်ကဂိုလျောလူမျိုးဖြစ်နေခဲ့လို့...ခမည်းတော်က မယ်တော်ကြီးကန့်ကွက်နေတဲ့ကြားထဲက ဂိုလျောသူဖြစ်တဲ့ ငါ့မယ်တော်ကိုထိမ်းမြားခဲ့တယ်လေ...အဲ့တာကြောင့်ပိုဆိုးသွားတာ...နောက်ဆို မယ်တော်ကြီးနဲ့တွေ့ရင်ဝေးဝေးရှောင်နေ...ပြီးတော့ Kim Young Min ဆိုတဲ့သူကလဲမယ်တော်ကြီးရဲ့လူယုံတော်လေ...အဲ့တော့သူလဲ ဂိုလျောလူမျိုးတွေဆိုကြည့်မရဘူး အနိုင်ကျင့်မှာဘဲ"

"Aww Nae Hyun...ကျွန်တော်မှတ်ထားပါ့မယ်...ဋ္ဌာနမှူးကအနိုင်ကျင့်လဲဘာဖြစ်လဲ Hyun ရှိနေတာကို"

"ငါကအမြဲတမ်းမင်းနားမှာရှိနေနိုင်တာမှမဟုတ်တာ...မဖြစ်သေးပါဘူး တစ်ခုခုတော့လုပ်မှဖြစ်မယ်"

Baekhyun ပြောပြီးတာနဲ့ စဉ်းစားနေပြန်တာမို့ Chanyeol သူ့မျက်နှာလေးကိုသာတစ်စိမ့်စိမ့်ကြည့်နေမိသည်။

မျက်မှောင်လေးကြုတ်ပြီး အသည်းအသန်စဉ်းစားနေတာတောင် Hyun ပုံစံလေးကအတော်ပင်ချစ်ဖို့ကောင်းလှသည်။

သူများတွေကတော့ Hyun ကိုတည်ငြိမ်ပြီး အမြဲမျက်မှောင်ကြုတ်နေတတ်တာမို့ အရမ်းကြောက်ကြပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာတော့ Hyun ကချစ်စရာကောင်းလွန်းနေတယ်..

"အာ..သိပြီ!!!"

Baekhyun ဘာလုပ်ရမလဲအဖြေထွက်သွားဟန် ထအော်တော့မှ Chanyeol လဲ Baekhyun ကိုငေးနေရာမှအသိပြန်ဝင်လာပြီး...

ချစ်ခြင်းဖွဲ့ အလင်္ကာWhere stories live. Discover now