Chapter 11:Meeting Mrs.Kim

1.5K 155 7
                                    

[Unicode]

အခုရက်ပိုင်းတွေမှာ Kyungsoo ဟာ သူ့ကိုသူ နားမလည်နိုင်တဲ့ အလုပ်တွေပဲ လုပ်မိနေတယ်။ဥပမာ ပြောရရင် အခု Jongin ရဲ့ အခန်းရှေ့မှာ နာရီဝက်လောက် ဘာမှ မလုပ်ပဲ ရပ်နေမိသလိုမျိုးပေါ့။ လွန်ခဲ့တဲ့ နှစ်ရက်က သူရှေ့ကို ထပ်ပေါ်မလာနဲ့လို့ Jongin ကို ပြောခဲ့ပြီးတဲ့နောက်မှာ Kyungsoo မှာ အခန်းတံခါးခေါက်ဖို့ သတ္တိမရှိခဲ့ဘူး။

"Hyung...အဲ့မှာ ဘာလုပ်နေတာလဲ"

Kyungsoo လှည့်ကြည့်လိုက်တော့ ရေခဲချောင်းတစ်ခုကို ပါးစပ်ထဲက ဆွဲထုတ်ပြီး သူ့ကို ကြည့်နေတဲ့ Sehun..

"အာ..ဘာမှမဟုတ်ဘူး..ဒီတိုင်း..."

"Jongin ဆီလာတာလား သူမသွားသေးဘူးထင်တယ် မဝင်ဘဲ ဘာလုပ်နေတာလဲ"

အခန်းတံခါးဆွဲဖွင့်ပြီး ဝင်သွားတဲ့ Sehun နောက်ကို သူလိုက်လာခဲ့သည်။Jongin အိမ်မှာ ရှိနေတာလား.သူ Jongin ကို ဘာပြောရမှာလဲ..သူနဲ့ Jongin ဆက်ဆံရေးက အခု ဘာတွေလဲ...

"Jongin ရေ Kyungsoo hyung လာတယ်..."

"အာ...Sehun ah..မဟုတ်ဘူး "

အော်ကျယ်အော်ကျယ်နဲ့ ပြောလိုက်တဲ့ Sehun ရဲ့ခေါ်သံကြောင့် အခန်းထဲကနေ Jongin က လွယ်အိတ်တစ်လုံးနဲ့ ထွက်လာတယ်။ Jongin ဟာ အရင်ရက်တွေကထက်တောင် ပိုပိန်သွားသလိုပဲ...မျက်နှာကလည်း ဖြူဖျော့ဖျော့နဲ့....

"Hyung...."

Jongin ဟာလည်း Kyungsoo ကို ဘာပြောရမှန်းမသိဘဲ ကြည့်နေတယ်။Sehun က အထုတ်တွေချပြီး မီးဖိုထဲ ဝင်သွားသည်။ဧည့်ခန်းထဲမှာ သူတို့နှစ်ယောက်တည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကျန်ခဲ့သည်။

"ဘယ်သွားမလို့လဲ"

မေးခွန်းတွေ အရမ်းများနေသော Kyungsoo မှ စိတ်ထဲ အရင်ဆုံးရောက်လာသော မေးခွန်းကို မေးလိုက်သည်။

"ဆွန်းချွန်းကို"

"Hyung နဲ့တူတူသွားမလို့ မဟုတ်ဘူးလား..အန်တီကတောင် တွေ့ချင်နေတာဆို..."

Sehun ကလည်း ရေဘူးကိုင်ပြီး ဧည့်ခန်းထဲ ဝင်လာရာမှ ပြောလိုက်သည်။

"အန်တီ..ဘယ်သူလဲ"

"ကျွန်တော့အမေ..."

xxxxxxxxxxx

Beautiful goodbye Unde poveștirile trăiesc. Descoperă acum