3.My muse

2.4K 284 9
                                    

[unicode ]

Kyungsoo ဘဝမှာ တစ်ယောက်တည်းနေလေ့ရှိပြီးဘာမှ သိတ်မဝင်စားသလို ခပ်အေးအေးနေလေ့ရှိပေမယ့် သူစိတ်ဝင်စားတာ တစ်ခုတော့ ရှိသည်..အဲ့ဒါကတော့ ဂီတပဲ ဖြစ်သည်..

Kyungsoo ငယ်ငယ်ကတည်းက သီချင်းဆိုရတာကို သဘောကျခဲ့သည်.. သူငယ်ငယ်တုန်းကဆို သူ့မိသားစုကို သီချင်းအမြဲတမ်း ဆိုပြလေ့ရှိသည်...ဒါပေမယ့် Kyungsoo အသက် ၁၂ နှစ်နောက်ပိုင်း သူ့မိဘတွေ ဆုံးသွားချိန်မှစပြီး သီချင်းမဆိုတော့..တစ်ခါတလေ တစ်ယောက်တည်း သီချင်း ညည်းဖြစ်ရုံကလွဲလို့ ..သူ့အသံတောင် သူပြန်မကြားဖြစ်ခဲ့တာ ကြာပြီ..

College တက်ကြတော့ Chanyeol ပထမဆုံး join သော club မှာ music club.. ထုံးစံအတိုင်း Kyungsoo ကို အတူတူ join ဖို့ခေါ်ပေမယ့် သူ အမြဲတမ်း ငြင်းခဲ့သည်..

အဲ့လို အမြဲတမ်း ငြင်းခဲ့ပေမယ့် အခုတော့ သူ့ရဲ့ Music club member application form ကို ဖြည့်နေတဲ့ Jongin ကို ထိုင်ကြည့်နေရသည်.. ကိစ္စအားလုံးရဲ့အစက Jongin ဖုန်းခေါ်တာက စသည်..

စတွေ့တဲ့နေ့မှ စ၍ ညတိုင်း Jongin ဖုန်းခေါ်သည်....သူတို့ မနက်လဲ တူတူသွား နေ့လည်စာလဲ တူတူစားပြီး ညနေလဲ တူတူပြန်လာပေမယ့် ညဆိုရင်တော့ မပျက်မကွက် ဖုန်းပြောကြသည်..အခုဆို Jongin နဲ့ Chanyeol နဲ့လဲ တော်တော် ရင်းနှီးနေပြီ..Chanyeol အသစ်ရလာသော အချိန်ပိုင်းအလုပ်ကြောင့် မနက်နဲ့ ညနေတွေမှာ Kyungsoo နဲ့ တူတူမသွားနိုင်တော့..ဒါပေမယ့်လဲ Jongin ရှိနေတော့ပိုတောင် အဆင်ပြေတာပေါ့ လို့ Chanyeol က ခပ်နောက်နောက်ပြောသည်...

Minseok hyung ကိုလဲ သူ Jongin အကြောင်း အကုန် ပြောပြထားသည်.. တစ်ခုပဲ ညနေတိုင်း Jongin ပေးတတ်တဲ့ နှုတ်ဆက်အနမ်းတွေကလွဲလို့...အဲ့အနမ်းတွေအကြောင်းကို Kyungsoo ဘယ်သူ့ကိုမှ မပြောဖူး..သူကိုယ်တိုင်တောင် အဲ့အနမ်းတွေရဲ့ အဓိပ္ပါယ်ကို မသိတာ

ညဘက် ဖုန်းဆက်ရင်တော့ Jongin ရဲ့ ခပ်ရှရှ အသံကို ဖုန်းထဲက ကြားရတာကို Kyungsoo သဘောကျသည်..ဟိုဟိုသည်သည် လျှောက်ပြောရင်း သန်းခေါင်ကျော်သွားတဲ့ ညတွေလဲ အများကြီး.. တစ်ညတော့ Jongin က သူ test မှာ A+ ရတဲ့ အတွက် ဂုဏ်ပြုသည့်အနေဖြင့် သီချင်းဆိုပြဖို့ တောင်းဆိုသည်..Kyungsoo ဘယ်လိုပဲ ငြင်းပေမယ့် သူ ဘယ်တော့မှ Jongin ကို မလွန်ဆန်နိုင်..သူအဲ့ညက Nothing better ကို ဆိုပြခဲ့သည်..သီချင်းမဆိုတာ ကြာလို့ သူ့အသံကို ကြားရတာ နည်းနည်း ထူးဆန်းသလို ဖြစ်နေပေမယ့် နားထောင်နေတာ Jongin ဆိုတဲ့ အသိကြောင့် သူ ကောင်းအောင် ပိုကြိုးစားပြီး ဆိုမိသည်..

Beautiful goodbye Nơi câu chuyện tồn tại. Hãy khám phá bây giờ