☆White☆ [GFriend]

246 18 5
                                    

SinB:
ကြည်လင်တဲ့ နေခြည်လေး...ငါ့အပေါ် ဖြာကျနေချိန်မှာ...
ငါလေ မင်းရဲ့ နွေးထွေးမှုကို ခံစားမိတယ်...

Yuju:
အဖိုးဖြတ်မရတဲ့ ကတိတွေကို...တည်နိုင်ဖို့ ခက်ခဲပေမယ့်လည်း...
ထာဝရ ငါ ထိန်းသိမ်းသွားချင်တယ်...

Yerin:
ငါတို့ ခံစားချက်တွေသာ တူညီကြမယ်ဆိုရင်...
သတ္တိလေး နည်းနည်းပဲ လိုတော့တာပေါ့...

Yuju:
ကလေးတစ်ယောက်လို...ဖြူစင်စွာနဲ့...
အစွန်းအထင်းမရှိဘဲ ငါတို့ရယ်မောကြမယ်...
oh ဘယ်အချိန်ဖြစ်ပါစေ...
မင်းရဲ့ အဖြူရောင် အလင်းလေး ဖြစ်ပေးမှာပါကွယ်...

Umji:
ငယ်ငယ်က ကြားဖူးတဲ့ နတ်သမီးပုံပြင်လိုမျိုး...
ဖြူစင်တဲ့ အိပ်မက်လေးလိုမျိုး...
ထွေးပွေ့ထားမယ်...

Eunha:
အမြဲတမ်း...ရှက်သွေးဖြာတတ်တဲ့...
မိန်းကလေး တစ်ယောက်လို မင်းကို ကြည့်နေမယ်...
ငါ့ရဲ့အဖြူရောင်နှလုံးသားထဲ...
ပန်းနုရောင် ချစ်ခြင်းတရား ဖြည့်သွင်းလို့ ထားတယ်...

Yuju:
နူးညံ့စွာ မင်းနှုတ်ခမ်းပါးထက်မှာ ငါ အနမ်းလေးပေးတဲ့အခါ...
အဖြူရောင် အချစ်လေး...
နွေးထွေးစွာ ကျဆင်းလာမှာ...

❤❤❤❤❤❤❤❤❤❤❤❤❤❤❤

Yerin:
အေးခဲတဲ့ ငါ့နှလုံးသားလည်း...အရည်ပျော်လာခဲ့ပြီ...
မာကျောခဲ့တဲ့ အချိန်လေးတွေ နှုတ်ဆက်ပါတယ်...

Sowon:
စိုးရိမ်မှုတွေနဲ့ နှလုံးသားလေး...တစ်ခါတရံ ခက်ခဲနိုင်ပေမယ့်လည်း...
မင်းရဲ့ ခွန်အားလေး ငါဖြစ်ပေးချင်တယ်...

Yuju:
ယုံကြည်မှုတွေသာ ထပ်တူကျမယ်ဆိုရင်...
ဘယ်အရာ ကိုမှ ငါမကြောက်ဘူး...ooo yeah...

Yerin:
ကလေးတစ်ယောက်လို...ဖြူစင်စွာနဲ့...
အစွန်းအထင်းမရှိဘဲ ငါတို့ရယ်မောကြမယ်...
oh ဘယ်အချိန်ဖြစ်ပါစေ...
မင်းရဲ့ အဖြူရောင် အလင်းလေး ဖြစ်ပေးမှာပါကွယ်...

Umji:
ငယ်ငယ်က ကြားဖူးတဲ့ နတ်သမီးပုံပြင်လိုမျိုး...
ဖြူစင်တဲ့ အိပ်မက်လေးလိုမျိုး...

SinB:
ထွေးပွေ့ထားမယ်...
အမြဲတမ်းအတွက်ပါ...

❤❤❤❤❤❤❤❤❤❤❤❤❤❤❤

Sowon:
အခုထိ မပြည့်စုံမှုတွေ ရှိသေးတယ်ဆိုပေမယ့်လည်း...

Eunha:
မင်းအတွက် ငါ့ခံစားချက်တွေကတော့ အစစ်အမှန်တွေပါကွာ...
နင့်ကို ချစ်ပါတယ်...wo...နင့်ကို ချစ်တယ်...

Yuju:
ကလေးတစ်ယောက်လို...ဖြူစင်စွာနဲ့...
အစွန်းအထင်းမရှိဘဲ ငါတို့ရယ်မောကြမယ်...
oh ဘယ်အချိန်ဖြစ်ပါစေ...
မင်းရဲ့ အဖြူရောင် အလင်းလေး ဖြစ်ပေးမှာပါကွယ်...

Umji:
ငယ်ငယ်က ကြားဖူးတဲ့ နတ်သမီးပုံပြင်လိုမျိုး...
ဖြူစင်တဲ့ အိပ်မက်လေးလိုမျိုး...
ထွေးပွေ့ထားမယ်...

Eunha:
အမြဲတမ်း ရှက်သွေးဖြာတတ်တဲ့...
မိန်းကလေး တစ်ယောက်လို မင်းကို ကြည့်နေမယ်...
ငါ့ရဲ့အဖြူရောင်နှလုံးသားထဲ...
ပန်းနုရောင် ချစ်ခြင်းတရား ဖြည့်သွင်းလို့ ထားတယ်...

Yuju:
နူးညံ့စွာ မင်းနှုတ်ခမ်းပါးထက်မှာ ငါ အနမ်းလေးပေးတဲ့အခါ...
အဖြူရောင် အချစ်လေး...နွေးထွေးစွာ ကျဆင်းလာမှာ...

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

Thanks for reading all my Friends ♡

K-Pop Songs' Lyrics [Myanmar ver.]Where stories live. Discover now