☆On the Road☆ [DIA]

357 20 1
                                    

Chaeyeon:
နေ့တိုင်း အတူ လျှောက်ခဲ့ဖူးတဲ့... ဒီလမ်းလေးပေါ်မှာ...
မှတ်မိသေးရဲ့လား...
ငါတို့ ကတိတွေ ထားခဲ့တာလေ...

Eunjin:
အခုတော့ ငါတစ်ယောက်တည်း...
လျှောက်လှမ်း နေရတယ်...
မနက်ဖြန်တော့...
နင်နဲ့ အတူ ကျော်ဖြတ်ချင်တယ်...

Eunchae:
ဒီနေ့ရက်တွေမှာ...
ပိုပြီး အမှတ်ရစေလာလို့...
ဒီတန်ဖိုးထားရတဲ့ ကတိတစ်ခုကို...
(နင် သိမှာ မဟုတ်ပေမယ့်...)

Eunjin:
နင့်အတွက် ခံစားချက်တွေဟာ...
စုပြုံလာရင်း မြင့်တက်လို့သာ လာခဲ့ပြီ...

Euniee:
ထိန်းချုပ်လို့ မရနိုင်ဘူး...

Yebin:
တုန်ရီနေတဲ့...
နှလုံးသားတွေကို သိမ်းထားပေးတဲ့...
ငါတို့ လမ်းလေးမှာ...
မှတ်မိသေးရဲ့လား...
ဘယ်လောက် ငါတို့...
ရှက်သွေးဖြာခဲ့ဖူးတယ် ဆိုတာလေ...
နင်မသိခဲ့တဲ့...မပြီးဆုံးနိုင်တဲ့ ငါ့ပုံပြင်လေးကို..
ငါလေ ပြောပြချင်တယ်...
ဒီလမ်းလေးပေါ်မှာ...

Chaeyeon:
ရိုးသား စွာနဲ့ နှလုံးသားလေး ဖွင့်ပြချင်တယ်ကွယ်...

●○●○●○●○●○●○●○●○●○●○●○●○●○●○●

Chaeyeon:
တစ်ခါတရံ...မင်းလေး ငါ့ကို ကြည့်နေချိန်ဆို...
ငါ့ဘက်က အမြဲ ရိုးသားတယ်လို့ မထင်မိဘူး...

Jenny:
အချစ်နဲ့ ပတ်သက်ရင် ဒါ ပထမဆုံး အကြိမ်မို့ပါလေ...
မင်းအပေါ် အရာရာ ပွင့်လင်းခဲ့မယ်လို့လည်း မထင်ဘူး...

Cathy:
oh မရပ်တန့်နိုင်တဲ့ တုန်ရီခြင်းများနဲ့ပဲ...
အကြည့်တစ်ချက်က ခံစားမှု ထိပ်ဆုံးဆီသို့...
ဘယ်သူမှ မပိုင်ဆိုင်ရပေမယ့်...
အခု မင်းလေးအတွက် အပိုင်ပါပဲ...

Eunjin:
တစ်ဆင့်ချင်း တစ်ဆင့်ချင်းနဲ့ပဲ...
ဖြေးဖြေးချင်း...မင်းအနားဆီကို သွားပါ့မယ်...

Euniee:
ထိန်းချုပ်လို့ မရနိုင်ဘူး...

Yebin:
တုန်ရီနေတဲ့...
နှလုံးသားတွေကို သိမ်းထားပေးတဲ့...
ငါတို့ လမ်းလေးမှာ...
မှတ်မိသေးရဲ့လား...
ဘယ်လောက် ငါတို့...
ရှက်သွေးဖြာခဲ့ဖူးတယ် ဆိုတာလေ...
နင်မသိခဲ့တဲ့...မပြီးဆုံးနိုင်တဲ့ ငါ့ပုံပြင်လေးကို..
ငါလေ ပြောပြချင်တယ်...
ဒီလမ်းလေးပေါ်မှာ...

Chaeyeon:
ရိုးသား စွာနဲ့ နှလုံးသားလေး ဖွင့်ပြချင်တယ်ကွယ်...

●○●○●○●○●○●○●○●○●○●○●○●○●○●○●

Jenny:
မင်းလေး မယုံကြည်နိုင်ပေမယ့်...
အခုထိကို အများကြီး ချစ်နေဆဲ...

Eunchae:
တို့အတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေ...
ငါ့အတွက်တော့ အရမ်းကို အဖိုးတန်လွန်းတယ်...

Cathy:
တစ်နေ့တော့ ငါတို့အတူ လျှောက်ကြမယ်လေ...
မပြောခဲ့တာတွေ အခုတော့ ပွင့်လင်းစွာနဲ့...
ပြောပြမယ်...
ဒီကောင်းကင်အောက်မှာ ကိုယ်ပိုင်ရဲတိုက်လေး...
ဆောက်ကြမယ်...
မင်းနဲ့အတူပေါ့...

Euniee:
တချိန်မှာတော့ ငါတို့တွေ...
ဒီလမ်းလေးမှာ တွေ့ဆုံကြမှာပါ...

Yebin:
အဲ့အချိန်မှာတော့ ဝန်ခံပါရစေတော့...

Eunchae:
ချစ် ပါ တယ်....

All:
တုန်ရီနေတဲ့...
နှလုံးသားတွေကို သိမ်းထားပေးတဲ့...
ငါတို့ လမ်းလေးမှာ...
မှတ်မိသေးရဲ့လား...
ဘယ်လောက် ငါတို့...
ရှက်သွေးဖြာခဲ့ဖူးတယ် ဆိုတာလေ...

Yebin:
နင်မသိခဲ့တဲ့...မပြီးဆုံးနိုင်တဲ့ ငါ့ပုံပြင်လေးကို..
ငါလေ ပြောပြချင်တယ်...
ဒီလမ်းလေးပေါ်မှာ...

Chaeyeon:
ရိုးသား စွာနဲ့ နှလုံးသားလေး ဖွင့်ပြချင်တယ်ကွယ်..

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

Thanks for reading all my friends ♡♡♡

K-Pop Songs' Lyrics [Myanmar ver.]Where stories live. Discover now