Epilogue (final chapter : adult only)

10.3K 596 83
                                    

(Zaw gyi - Version)

အဖြူရောင် နားနေခန်းလေးထဲ ဘော်ငွေရောင် ဂါဝန်ရှည်လေးနဲ့လိုက်ဖက်လွန်းတဲ့သူမ…
သြော်လှလိုက်တဲ့အမျိုးသမီး အထူးတလည်ပြင်ဆင်စရာကိုမလိုပဲ လှနိုင်တဲ့သူ
အနီဖျော့ဖျော့ နှုတ်ခမ်းလေးက တပ်ဆင်ထားတဲ့အပြုံး
သူမ သိပ်ပျော်နေမှန်းသိသာစေတယ်
မီးဆိုင်းတွေရဲ့အလင်းပြိုးပြိုးပြက်ပြက်အောက်မှာ သူမဟာ ဘယ်သူနဲ့ယှဉ်ယှဉ်မရှုံးသွားအောင် လှလွန်းလို့ သူမလို သတို့သမီးလောင်းကိုပိုင်ဆိုင်ရတဲ့ယောကျာ်းသားကကံအကောင်းဆုံးဖြစ်လိမ့်မယ်
//ကျွန်တော်ဆိုတဲ့ ပုရိသ အတွက်တော့//

"Baekhyunee!! "

Taeyeonက လက်ဝါးလေးကို Baekhyunမျက်လုံးရှေ့ လေထဲမှာ ယမ်းရင်းခေါ်လိုက်တယ်

"ဟင်? မမ "

Baekhyunအတွေးလွန်နေရာက သတိဝင်ပြီးပြန်ထူးတယ်

"ဘာတွေတွေးနေတာလဲ? ကြောင်အန်းအန်းလေးနဲ့"

Baekhyunပြုံးလိုက်ရင်းးး အရိုးသားဆုံးဝန်ခံတယ်

"မမလှနေတယ်"

Taeyeon ပါးပြင်က ရဲခနဲ

"ဒီလိုချီးကျူးခံရတာ make up artistတော်လွန်းလို့"

"မမ က လှပါတယ်"

Taeyeonက Baekhyunကို အကဲခတ်တယ်
နွမ်းနေတဲ့ မျက်နှာချောချောကခပ်မှိန်မှိန် အပြုံးလေးတပ်ဆင်ထားတယ်

"Baekhyun ပင်ပန်းနေပြီလားး? မျက်နှာလေးညှိုးနေတာပဲ ပွဲစတော့မှာပါ"

"ကျွန်တော် ဘာမှမဖြစ်ပါဘူး ရတယ် နည်းနည်းအိပ်ရေးပျက်ထားလို့"

ကျွီ!!!!!!!!!

တံခါးပွင့်သွားတဲ့ဘက်ကို Baekhyunကျောပေးရာကနေ လှည့်ကြည့်လိုက်တယ်

"KyungSoo!!!!  သြော် Jong Inလည်းပါတာပဲ"

"ဂုဏ်ပြုပါတယ် သူငယ်ချင်း"

Baekhyunကို KyungSooက နွေးနွေးထွေးထွေးပွေ့ဖက်တော့ ဘေးနားမှာရပ်နေတဲ့Jong Inကို ကြည့်ရင်း
Baekhyun အတွေးထဲ မေးခွန်းအချို့ဝင်လာတယ်

//သူရော…… သူရောပါလာလားး? ဒါမှမဟုတ် သူဘာလုပ်နေမလဲ? ကျွန်တော့်ကိုချစ်တယ်ဆိုတဲ့သူ ဘာလုပ်နေမလဲ//

You've reached the end of published parts.

⏰ Last updated: Oct 02, 2019 ⏰

Add this story to your Library to get notified about new parts!

What if [Completed]Where stories live. Discover now