(Zawgyi - Version)
မှန်ပတ်ပတ်လည်နေရာယူထားတဲ့အခန်းကျယ်ထဲမှာ
Sehun စည်းချက်ညီညီ ကခုန်နေတယ်
မြူးကြွတဲ့သံစဉ်နောက် မျောပါနေတဲ့ကကွက်တွေ
ချွေးရွှဲနေတဲ့ ခန္ဓာကိုယ်နဲ့ မောဟိုက်နေတဲ့ဘယ်ဘက်ရင်အုံ...Jong Inက သီချင်းကိုပိတ်ပစ်လိုက်တယ်...
တစ်လလုံးလုံးနေတိုင်းမြင်တွေ့နေရတဲ့သူ့သူငယ်ချင်းရဲ့ဒီလိုပုံစံကို သူအားမရတော့ဘူး..."တော်တော့ Sehun မင်း နားသင့်ပြီ"
Sehunက remote controlကို ဆွဲယူပြီး သီချင်းကိုပြန်ဖွင့်တယ်...
အသံကို ထပ်မြှင့်လိုက်တယ်...
အကကိုပြန်စတင်တယ်...Jong In သည်းမခံနိုင်တော့ဘူး...
တလောကလုံးကို ကရုမပြုပါဘူးဆိုတဲ့သူ့သူငယ်ချင်းရဲ့အသည်းကွဲခန်းကဒီလို သူ့ကိုယ်သူမောဟိုက်အောင်နှိပ်စက်ဖို့မဟုတ်ဘူး"မင်း ရူးနေလား မင်းအရမ်းဟိုက်နေပြီ"
Sehunက မရပ်နားသေးဘူး သူ့ကိုယ်က ချွေးစက်တွေနဲ့အတူ သူ့မျက်ဝန်းက မျက်ရည်စက်အချို့ကလည်း ကြမ်းခင်းပေါ်လွင့်ကျသွားတယ်
Jong In
Sehunရဲ့လက်ကို အတင်းဖမ်းဆွဲလိုက်တယ်...
Sehunက JongInကိုခုန်အုပ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာသူ့ကိုယ်နဲ့ဖိလိုက်တယ်
လက်တစ်ဖက်က JongInရဲ့ လည်ပင်းက ကော်လံစကိုဆွဲဆုတ်ထားပြီး လက်တစ်ဖက်က JongInမျက်နှာကို လက်သီးနဲ့ရွယ်ထားတယ်"ငါ့ဟာငါ ဘာဖြစ်ဖြစ် မင်းေ_ာက်ပူပါလို့လား"
Sehunရဲ့ဒေါသက JongInဆီမှာထွက်ပေါက်လုပ်ဖို့ ရမယ်ရှာတယ်
JongIn ဘာမှပြန်မပြောပဲ... Sehunကိုသာစိုက်ကြည့်နေတယ်
တနေကုန်မရပ်မနားကထားလို့မောဟိုက်နေတဲ့Sehunရဲ့ရင်အုံက နိမ့်ချည်မြင့်ချည် စည်းချက်လိုက်လျက်...
Sehunက လေပူပြင်းပြင်းမှုတ်ထုတ်လိုက်ပြီးJongInကို ရွယ်ထားတဲ့လက်သီးကို အသာဖြေချလိုက်တော့ JongInက Sehunကို တွန်းလိုက်ပြီး ငုတ်တုတ်ထိုင်လိုက်တယ်..."အသည်းကွဲတာတစ်ခုအတွက် ကိုယ့်ကိုယ်ကို နှိပ်စက်လောက်အောင် မင်းမညံ့ဘူးလို့ငါထင်ထားခဲ့တာ"
Sehunက တဖက်ကို မျက်နှာလွှဲသွားတယ်
"မင်း သိလား ငါ့ရင်တစ်ခုလုံးစုတ်ပြတ်နေပြီ...သူ့စေ့စပ်ပွဲကိုငါမတားနိုင်ခဲ့ဘူး...
မနက်ဖြန်... မနက်ဖြန်မှာသူ့လက်ထပ်ပွဲကျင်းပတော့မယ်...
အဲ့အချိန်ကိုလွန်သွားတာနဲ့သူက အဲ့အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သွားတော့မှာ"
YOU ARE READING
What if [Completed]
Fanfictionအချစ်ဆိုတာမကောင်းဆိုးဝါးတဲ့လေ မကောင်းဆိုးဝါးဆိုတာကလည်းကံနိမ့်မှမြင်ရတတ်တာမျိုး အချစ်ဆိုတာမကောင်းဆိုးဝါးတဲ့လေ မကောင်းဆိုးဝါးဆိုတာကလည်းကံနိမ့်မှမြင်ရတတ်တာမျိုး { Unicode included }