❦Chapter Twelve❦ {Z+U}

Start from the beginning
                                    

မကျေနပ်စွာ ကျွန်တော် တွေးမိရင်း နှာခေါင်းအသာရှုံ့လိုက်သည်။

"မကောင်းတဲ့ လူကြီး!!"

ပေါင်ပေါ်က ခွေးကလေးဟာ မအိပ်ပဲနဲ့ ကျွန်တော့်မျက်နှာကိုသာ မော့မော့ကြည့်နေသည်။ သည်ကောင်လေးရှိလို့သာ.. စကားပြောချင်လျှင် တစ်ယောက်တည်း လေထုနှင့် စကားပြောနေတာမျိုး၊ အုတ်နံရံကို ကြည့်ပြီး စကားပြောနေတာမျိုးထက်စာရင် ခွေးကလေးကို စကားပြောရတာ တော်သေးသည် မဟုတ်လား။

အခန်းထဲမှာချည်း နေရတာ ပျင်းစရာကောင်းလှသည်မို့ အိမ်ကြီးထဲ တစ်ခါတလေ လျှောက်သွားလေ့ရှိသည်။ သည်လိုနှင့် အိမ်အနောက်ဖက် မည်သူမျှ သိပ်မရောက်သည့် ချောင်ကျကျနေရာလေးမှာ သည်ခွေးကလေးကို ကျွန်တော် တွေ့ခဲ့၏။

နေ့လည်ခင်း ဆယ့်တစ်နာရီဝန်းကျင်လောက်ဆို သည်ကောင်လေး ရောက်လာတတ်သည်။
ဘာလို့ဆို သူ လာတိုင်း ကျွန်တော်က အစာကျွေးတတ်သည်ကိုး။ အချိန်ကြာလာတော့လည်း လူနှင့် တိရစ္ဆာန်ပင် ဖြစ်သော်ငြား သံယောဇဉ်ဖြစ်လာ၏။

"KyungSoo ကို သတိရလိုက်တာ.."

ကျွန်တော့်မှာ သူငယ်ချင်းတွေအများကြီး ရှိသော်ငြား အခင်မင်ဆုံး သံယောဇဉ်အဖြစ်ဆုံးဆိုလို့ KyungSoo တစ်ယောက်သာ ရှိသည်..။

ဒီလိုအခြေအနေမျိုး၌ ဆိုလ်းမြို့ကြီးကို သတိရမိသော်လည်း လူသားပုဂ္ဂိုလ်အနေနှင့် ထူးထူးခြားခြား တွယ်တာသတိရမိသည်ဆိုလို့ KyungSoo ကလွဲ ကျန်သူမရှိ..။

ဒါပေမယ့် ကျွန်တော့်အလုပ်ကို လွမ်းသည်။ ဆေးရုံက လုပ်ဖော်ကိုင်ဘက်တွေကို လွမ်းသည်။ လူနာတွေကို လွမ်းသည်။ ကိုရီးယား ရေ၊လေ၊မြေ အကုန်လုံးကို လွမ်းသည်။

ဒီအိမ်ကြီးမှ လွတ်မြောက်ချင်၏။
'Gotham' မြို့ဟုခေါ်သည့် ဤမြို့မှလည်း ထွက်သွားချင်သည်။

Gotham မြို့မှ လွတ်မြောက်ဖို့ မပြောနှင့်။
ဒီအိမ်ကြီးထဲက အပြင်ကို ထွက်ဖို့တောင် အခွင့်အရေးက မရှိသလောက်ပင်။

အဲ့ဒါထက် ဝန်မခံချင်သော်ငြား ဝန်ခံရမည့်တစ်ခုကတော့ ကျွန်တော် သူ့ကို ငြိတွယ်မိနေခြင်း..။ ခန္ဓာကိုယ်ချင်း နှီးနှောရာက ဖြစ်ပေါ်လာတဲ့ ခံစားချက်အမျိုးမျိုးက အချစ်ဟု ဆိုနိုင်သလား မဆိုနိုင်ဘူးလား မသိပေမယ့် သူ့ကို စွဲလမ်းမိနေသည်ကတော့ သေချာသည်။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now