Master ( 1 )

7.3K 217 9
                                    


Dae' pov

~~~~~~ သိပ်ခန်းနားလွန်းတဲ့  ဂီတဖျော်ဖြေပွဲတစ်ခုကို
ကျနော်ရောက်ရှိနေတာပါ ဒါပေမဲ့ ကျနော့်မျက်လုံးထဲမှာ
တော့ စင်မြင့်ထက်မှ ခန့်ညားစွာထိုင်နေပြီး စန္ဒယား ခလုတ်
တွေ နှိပ်နေတဲ့ သူ့ကိုပဲ မြင်နေခဲ့မိတယ် ခပ်သွက်သွက်
လှုပ်ရှားနေတဲ့ သူ့လက်ချောင်းလေးတွေကနေ သံစဉ်လေး
တွေထွက်လာနေသလိုဘဲ .……… ကျနော်ဘာလို့သူ့ကို
မချစ်ခဲ့တာပါလိမ့် ဘာလို့ သူမကြိုက်တာတွေပဲ အမြဲပြော
မိခဲ့ပါလိမ့် နှစ်ပေါင်းရာချီတဲ့အထိ သူ့ကိုစိတ်ဆိုးနေခဲ့တာ
ပါလိမ့် မတွေးတတ်တော့ဘူး သူဆိုတာကတော့………
ကျနော့်ချစ်သူ Zhang Yixing ကိုပြော
တာပါ~~~~~~~~~~~~~

Xing ' pov

~~~~~~ ကျနော်စန္ဒယားတီးရတာ အရမ်းကြိုက်တယ်
ဘာလို့လဲ ဆိုတော့ စင်နောက်ကွယ်ကနေငေးကြည့်နေ
တတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်လေ ကျယ်ပြန့်
တဲ့ နဖူးပြင်အောက်ကစူးရှတဲ့ မျက်ဝန်းတစ်စုံနဲ့ပေါ့ သူသာ
အနားမှာရှိနေပေးရင် ဘာပဲဖြစ်ဖြစ်လုပ်နိုင်တယ် သူ့အပြုံး
တစ်ပွင့်ရဖို့ ဘာမဆိုပေးဆပ်ရဲလောက်အောင်ပါဘဲ~~~
ဒါပေမဲ့ တစ်ချိန်တုန်းကတော့ သူနာကျင်အောင် အကြိမ်
ပေါင်းများစွာလုပ်ခဲ့မိတယ် ကျနော်ကရက်စက်ပြီး အင်အား
ကြီးတဲ့ Vampire တစ်ကောင်ဖြစ်နေခဲ့လို့ပါ~~~~~~

( ဖျော်ဖြေပွဲအပြီးမှာတော့ ပရိတ်သတ်တွေ ခေတ္တငြိမ်သက်
သွားပြီး ထို့နောက် လက်ခုပ်သံများခန်းမတစ်ခုလုံးပေါက်
ထွက် မတက်ပေါ်ထွက်လာပါတော့တယ် ကတ္တီပါပြည်ဖုံး
ကားကျလာတဲ့အထိ မရပ်သေးပါ ဒီတော့သူရှေ့ထွက်ပြီး
ထပ်နှုတ်ဆက်ရပြန်တာပေါ့ )

Dae'pov

အရင်တုန်းကသာသူဒီလိုနူးညံ့ခဲ့ရင်ဘယ်လောက်ကောင်း
မလဲ ကျနော့်အပေါ်သခင်တစ်ယောက်လိုမရက်စက်ခဲ့ရင်
ဘယ်လောက်ကောင်းမလဲ ကျနော့်တွက် Zhang Yixing ဆိုတာ တစ်ခါလေ လေပြေလေညှင်းလေးဖြစ်
ပြီး တခါလေကျတော့လည်း ဆိုးရွားတဲ့မုန်တိုင်းတစ်ခု
လိုပါပဲ~~~~~~~~~~~~

( လူတွေအားလုံးရှင်းသွားချိန်မှာတော့ )

xing~~~  ငါတီးတာနားထောင်ကောင်းရဲ့
လားjongdae မင်းသဘောကျမယ်ထင်ပါတယ်

MASTERWhere stories live. Discover now