My Silly Love

153 17 0
                                        

ဘယ်တော့မှ မကြားနိုင်မှန်း သိရက်နဲ့ တီဗီဖန်သားပြင်ပေါ်က (သို့) ဖုန်းမျက်နှာပြင်(သို့) ဂျာနယ်မဂ္ဂဇင်းထဲက သူ့ရုပ်သွင်ကို "ချစ်တယ်" လို့ တကိုယ်တည်းပြောမိနေတာကို ရူးရူးမိုက်မိုက်နဲ့ ကျွန်မကြည်နူးနေခဲ့တယ်

သူ့ရဲ့ အသက်ရှင်ဖြစ်တည်မှုရှိခဲ့တဲ့ ကာလအပိုင်းအခြားတစ်ခုမှာ ရေမြေခြားနေပေမယ့်လည်း ကမ္ဘာမြေပြင်တစ်ခု အပေါ်မှာ အတူနေထိုင်ခွင့် ရှိစေခဲ့တဲ့ ကံတရားကို ကြံဖန်ကျေးဇူးတွေ တင်နေရင်းပေါ့လေ

ဒါပေမယ့် ကျွန်မရဲ့ တစ်ဖက်သတ်စိတ်ကူးယဉ်မှုလေးတွေတောင် ကြာကြာရှင်သန်မှုမပေးဘဲ သူ့ကိုစောစောစီးစီး ကောင်းကင်ဘုံကို ပို့လိုက်တဲ့ အချက်နဲ့ ပတ်သက်လာရင်တော့ ဒီရက်စက်လွန်းတဲ့ ကံကြမ္မာကို ကျွန်မသိပ်မုန်းတယ်😢😢😢

To Whom It May ConcernWhere stories live. Discover now