" ဟာ...ရပါတယ် ယူသွားပါ...ယူသွားပါ..."
ဒီလိုနဲ့...တိုက်ပွဲအောင် စစ်သူကြီးတွေ ချပ်ဝတ်တန်ဆာတွေ
ကို လက်မှာပိုက် ကြွားကြွားဝံ့ဝံ့ပြန်လာသလိုမျိုး...
Luhanတို့လည်း စက္ကူကတ်ပြားကြီးနှစ်ချပ်ကို
ချိုင်းတစ်ဖက်တစ်ချပ်အောက်မှာ လျှိုသွင်းရင်း...ခေါင်းကို
မော့..ခြေကိုမြောက်ပြီး ပြန်လာလိုက်တော့တယ်...။နောက်က လိုက်လာတဲ့ Sehun ကတော့...
Luhanနောက်ကျောကို ကြည့်နေရင်း ခေါင်းခါရမ်း
ခပ်တိုးတိုးညည်းညူမိပါရဲ့...။" ရူးတယ်လို့ပြောရင်လည်း....ချီးကျူးတယ်ထင်ပြီး
အပျော်လုံးစို့...
ရပ်ကွက်တစ်ပတ်ပတ်ပြေးနေမှာစိုးလို့သာ ငြိမ်နေရတယ်...
တကယ့်ဝမ်းတွင်းရူးပဲ...
အရူးကို အတိုးနဲ့လိုက်ချေးပြီးတော့ကို ရူးတာမျိုး..."တပါးသူကို ပြောတော့မည်ဆိုလျှင် စကားလုံးအကုန်ပီသစွာ
ရွတ်ဆိုသွားနိုင်သော Oh Se အားသာချက်ပါတကား...။::::::::::::::::::::::::: JGL :::::::::::::::::::::::::
" ဖြစ်ပုံကတော့ အဲ့လိုပါပဲဗျာ..."
မောဟိုက်သက်ပြင်းချလာရင်း Oh Se အဖြစ်သနစ်အစုံကို
ရှင်းပြတော့...အဆုံးသတ်မှာ Chen က ချက်ချင်း
မတ်တပ်ထရပ်...ခေါင်းကို စောင်းလိုက်ကာ...အပေါ်
ဘက်ရောက်နေတဲ့ သူ့နားတစ်ဖက်သူ ရိုက်ချတယ်..။" ဟာ...ဘာဖြစ်တာလဲ...ဒီငမွှေလေးကတစ်မျိုး... "
" Hyung...စူပါမန်း Hyung...
ကျွန်တော့်နားထဲ သေချာကြည့်ပေးစမ်းပါ... "" ဘာဖြစ်လို့တုန်း "
မြွေကိုက်မတတ်အော်ဟစ်နေတာကြောင့်...Krisလည်း
စိုးရိမ်စိတ်နဲ့ ထကြည့်ပေးရှာပါတယ်...။
ဟိုကတော့ ထွန့်ထွန့်လူးကို အော်ဟစ်နေတုန်း...။" ဘာမှမရှိပါဘူး Chen ရ... "
" သေချာလား စူပါမန်း Hyung.. "
"သေချာတယ်ဟ... "
ထိုတော့မှ Chenက သူ့နားကို တဗြင်းဗြင်းမြည်အောင်
ပွတ်ချေလိုက်ရင်း...
Give Up
Start from the beginning