❦Chapter Nine❦ {Z+U}

Start from the beginning
                                    

အခုမှပင် အဝတ်တစ်စမှ ကပ်မနေသော ကိုယ့်ခန္ဓာကိုယ်ကို သတိပြုမိသည်မို့ အဝတ်အစား ဘယ်နားရှိနေနိုင်သလဲ မျက်စိဝေ့ရှာကြည့်မိသောအခါ ကုတင်ခြေရင်းနားတွင်ပင် အဝတ်အစားတစ်စုံကို ခေါက်လျက်သား တင်ထားပေးသည်ကို တွေ့ရ၏။

Mr.J များ ထုတ်ထားပေးခဲ့သလားဟု တွေးမိသော်လည်း မိမိဟာ သူအဲ့သည်လို အရေးတယူ လုပ်ပေးရလောက်သည်အထိ အရာမရောက်လောက်ဟု ပြန်တွေးမိသည်။

boxer နှင့် ဘောင်းဘီကိုသာ ကောက်စွပ်ကာ ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်သည်။ ရေပန်းဆီကို ကြည့်မိလိုက်သည်နှင့် ChanYeol နှင့် သူ၏ ပုံရိပ်များက တန်းစီပေါ်လာပြန်၏..။

BaekHyun သက်ပြင်းတစ်ချက် ချလာမိသည်။ဒါကို တားလို့ရမည်မထင်..။ အချိန်ကာလ တော်တော်ကြာသည့်တိုင် ထိုအခိုက်အတန့်တုန်းက ပုံရိပ်များက သူ့အတွေးထဲ ခဏခဏ ဝင်ရောက်လာမည် ဖြစ်၏။ အိပ်မက်အနေနှင့်တုန်းကတောင် ခေါင်းထဲက တော်တော်နှင့် ထုတ်မရခဲ့။ ခုဆို ပိုဆိုးဖို့သာ ရှိသည်။

ဘေစင်မှ ရေများ ဖွင့်ချပြီး မျက်နှာသစ်လိုက်သောအခါမှ လန်းလန်းဆန်းဆန်း ဖြစ်သွားသလို။ သို့သော်လည်း ဘေစင်ပေါ် တပ်ဆင်ထားသည့် မှန်ကို သေချာကြည့်လိုက်မိသည်က BaekHyun ၏ အမှားဟု ဆိုရမလား..။

လည်ပင်း၊ ညှပ်ရိုး၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် hickey များ မနည်းမနော..။ ဖြူ နုသော အသားအရည်ပေါ်တွင် တချို့က ပန်းရောင်သန်းနေသလို၊ တချို့က ကြက်သွေးရောင် ဖြစ်နေ၏။ တချို့နေရာများဆို ညိုမည်းလို့ နေသည်။

လည်ပင်းဆီမှ ပန်းရောင်သန်းနေသည့် အမှတ်တစ်နေရာကို လက်ဖြင့် စမ်းကြည့်မိလိုက်၏..။

BaekHyun သူ့ကိုယ်သူ မသိလိုက်ခင်မှာပင် မနေ့ညက သူ့လည်တိုင်တလျှောက် ChanYeol နှုတ်ခမ်းဖြင့် ဖိကပ်ကာ စုပ်နမ်းလိုက်၊ သွားဖြင့် တတိတိကိုက်လိုက် လုပ်ပေးနေရာမှ ရခဲ့သည့် အထိအတွေ့ကို သူ မျက်လုံးစုံမှိတ်ကာ ခံစားနေသည်။

နောက် ညှပ်ရိုး၊ ရင်ဘတ်၊ ဝမ်းဗိုက်.. မနေ့ညတုန်းက အထိအတွေ့များဟာ BaekHyun ကို ရူးသွပ်စေခဲ့သည့်ပြင် ခုထိတိုင် အသိစိတ်ကင်းမဲ့အောင် လုပ်ဆောင်နိုင်ဆဲ။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now