Chapter - 14

696 63 0
                                    

The End Of The Hate ( အမုန်းနိဂုံး )

Chapter - 14 : " King Kilu's lost Childs "

Eno : ငါတို့ရှာနေတာ လေးရက်ရှိနေပြီ . . . ဘာလို့ ရှာမတွေ့နိုင်သေးတာလဲ

Yiyar : ဒီမှာများ မရှိလို့လား

Attdar : မဟုတ်ဘူး . . . ရှိနေတယ်ဆိုတာကို ခံစားလို့ရပြီး ရှာမရဖြစ်နေတာ

Attdar တွေးရင်း စိတ်တိုနေရသည်။

Gas : Attdar , Kolar , Eno , Yiyar

စိတ်ထဲကနေ Gas ခေါ်သံကြောင့် သူမတို့တွေ အံ့သြနေရသည်။

Gas : အခုချက်ချင်း ကျောင်းအနောက်ဘက်က အနက်ရောင်တောနားကို လာခဲ့ကြ

Attdar တို့တွေအကုန် အမြန်သွားလိုက်ကြသည်။

Attdar : Gas . . .

Gas : ရောက်လာကြပြီလား

Attdar : ဘာဖြစ်လို့်လဲ

Gas : မင်းတို့ဆရာတစ်ယောက်အနေနဲ့ မင်းတို့ရှာနေတာကို ကူရှာပေးမလို့လေ

Attdar မျက်မှောင်ကျုတ်လိုက်မိသည်။

Gas က သူမတို့ဆရာဖြစ်ပေမယ့် သူမတို့ထက် သုံးနှစ်သာ ကြီးသည်။

သူလည်း . . . အဲ့ဒီ့အချိန်တည်းက ဇာတ်မြှုပ်နေခဲ့ပြီးမှ ဘာလို့ အခုမှ . . . ။

Eno : ကူရှာပေးတာထက် Eno တို့တောင် ရှာမရတဲ့ဟာကို

Eno အသံကြားမှ Attdar သတိပြန်ဝင်လာရသည်။

Gas : ဘာလို့ရှာမရတာလဲဆိုတာကိုကော သိရဲ့လား

Kolar : ဘာကို ဆိုလိုတာလဲ

Gas : ဟွန်း . . . မင်းတို့အဖေက မင်းတို့ကို တကယ် ပြောမပြခဲ့ဘူးပဲ

Attdar : ဘာကိုလဲ

Gas : မင်းတို့ရှာနေတဲ့ LuMoDoShi ရဲ့ True Legend ကို မင်းတို့အဖေနဲ့ အမေတွေက Gijar ရှာမရအောင် မှော်နဲ့စီရင်ခဲ့တယ် ၊ ဒါပေမယ့် . . . အရေးကြီးတာတစ်ခုကို အကုန်စီရင်ပြီးတဲ့အချိန်ကျမှ သတိရခဲ့ကြတယ် ၊ အဲ့ဒါက ဘာလဲဆိုတော့ . . . Gijar နဲ့ သူ့လူတွေအပြင် မင်းတို့ပါ ဒီဟာကို တစ်သက်လုံး ရှာမတွေ့နိုင်တော့ဘူးဆိုတာကိုပဲ

Kolar : ဘာလို့လဲ . . . ?

Gas : ဘာလို့လဲဆိုတော့ . . . မင်းတို့အဖေက ဒီကျောက်စာကို ရှာမတွေ့ဖို့ ကျိန်ခဲ့တဲ့လူတွေက . . .

The End Of The Hate Where stories live. Discover now