Noa : Ardat . . . အခုလိုအချိန်မှာ မင်း ဒီကျောင်းမှာ ရှိနေတာကို သိသွားရင် မင်း အသက်အန္တရယ်ရှိတာမလို့ ကိုယ် လက်လွှတ်ပေးလိုက်ပေမယ့် . . . နောက်တစ်ခါပြန်တွေ့ရင်တော့ ကိုယ် လွှတ်ပေးမှာ မဟုတ်တော့ဘူး ၊ မင်းက ကိုယ့်အတွက်ပဲ ဖြစ်ရမယ် ၊ ပြီးတော့ Zu က မင်းက မိန်းကလေးဆိုတာကို မသိခင် . . .
ကိုယ် မင်းကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး . . .

Noa စိတ်ထဲကနေ ပြောနေမိသည်

Attdar . . . Noa တို့နဲ့ ဝေးတော့မှ ပြေးနေရာကနေ ရပ်လိုက်သည်။

Noa : ဒီမျက်ဝန်းတွေကို ရင်းနှီးနေတယ် . . . အသက်ရှင်နေသေးလို့ ​ကျေးဇူးတင်​ပါတယ်​ . . .

Attdar . . . Noa စကားတွေကို ပြန်ကြားယောင်နေမိသည်။

Attdar : ငါနဲ့ ငယ်ငယ်က သိခဲ့တာများလား . . .

Attdar . . . သူမလက်ကို ငုံ့ကြည့်လိုက်မိသည်။

Attdar : ငါ . . . ဘာလို့ ရုန်းလို့ မရခဲ့တာပါလိမ့် . . .

Attdar . . . လက်ကိုစိုက်ကြည့်နေရင်း စဉ်းစားနေမိသည်။

Kolar : သွေးနံ့ရသလိုပဲ

သူမ . . .အနံ့လာတဲ့ဘက်ကို ခြေလှမ်းလှည့်မိသွားသည်။

Kolar : ဒီနိုင်ငံမှာ လူတွေနည်းသထက် နည်းနေတာ နင်တို့လိုဟာတွေကြောင့်ပဲ ဖြစ်ရမယ်

Moa . . . အသံကြားလိုက်၍ သွေးသောက်နေရာကနေ ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

Kolar . . . လူသားကောင်မလေးကို တစ်ချက်ကြည့်တော့ သူမက ကြောင်တောင်တောင်လေးရပ်နေပြီး လည်ပင်းကနေ သွေးတွေ အဆက်မပြတ်စီးဆင်းနေတာကို တွေ့လိုက်ရ၍ လူသားကောင်မလေးကို Moa အရှေ့ကနေ ခေါ်ထုတ်လိုက်သည်။

Kolar : နင် . . . သူ့ကို စားဖို့ပါ တွေးထားတာပဲ

( စားတယ်ဆိုတာ သွေးတွေအကုန် သောက်တာကို ပြောတာပါ )

Kolar စကားကို Moa က ပခုံးတစ်ချက်တွန့်ကာ ဖြေလိုက်သည်။

Kolar : သွေးတိတ်အောင်မလုပ်နိုင်ရင် ဒီကောင်မလေးသေတော့မှာ . . . ဘယ်လိုလုပ်ရပါ့ . . .

Kolar စဉ်းစားနေရင်း အကြံရသွားသည်။

Kolar : Attdar . . . Forgive me

Kolar စိတ်ထဲကနေ ရေရွတ်ပြီးတာနဲ့ လက်မထိပ်ကို ကိုက်လိုက်ပြီး ထွက်လာတဲ့သွေးကို လူသားကောင်မလေးလည်ပင်းပေါ် ချလိုက်သည်။

ချက်ချင်းဆိုသလို သွေးတိတ်ပြီး ဒဏ်ရာပါပျောက်သွားလေသည်။

Moa : Half Vampire Half Werewolf . . .

Moa အံ့သြသွားရသည်။ ဘာလို့ဆို သူတို့ကလွှဲရင် ကျန်တဲ့ Hybrid တွေကို အသက် ၁၅ မပြည့်ခင် သူ့အဖေက လိုက်သတ်နေခဲ့တာကို ဘာလို့ . . . ။

Kolar . . . လူသားကောင်မလေးကို မြေပြင်ပေါ် ညင်သာစွာ ချပြီးတာနဲ့ Moaဆီ သွားလိုက်သည်။

Moa သူ့ရှေ့လာရပ်တဲ့ ကောင်မလေးကို စိုက်ကြည့်နေမိသည်။

Moa : အနီးကပ်ကြည့်လိုက်တော့ မင်းရုပ်က မဆိုး . . .

Kolar : အခုတွေ့တာမှန်သမျှကို မေ့ပစ်လိုက်တော့

Moa . . . သူမစကားကြောင့် ကြောင်သွားရသည်။

Kolar : ကြားတယ်နော် . . .

Moa : အင်း . . .

Kolar : OK

Kolar ခေါင်းတစ်ချက်ညိတ်ပြီး Moa ခေါင်းကို သုံးချက်ပွတ်ပြီးတာနဲ့ နေရာကနေ ချက်ချင်းထွက်သွားလိုက်သည်။

Moa : Hk . . . ဟား . . . ဟား . . .

သူမထွက်သွားတာနဲ့ Moa အားရပါးရ ထိုင်ရယ်လိုက်မိသည်။

Moa : သူက ငါ့ကို စိတ်ထိန်းချုပ်သွားရတယ်လို့

Moa ရယ်နေရာကနေ မျက်နှာပြန်တည်လိုက်သည်။

Moa : တော်ဝင်သွေးအချင်းချင်းပဲ ၊ စိတ်ထိန်းချုပ်နိုင်စွမ်းရှိတာ ၊ ဘာလို့ သူက . . . အဲ့ဒါထက် အဖေက စိတ်ထိန်းချုပ်မခံရအောင် အဆောင်ပေးထားလို့ တော်သေးတယ်

Moa . . . သူ့ညာဖက်လက်က လက်စွပ်ကို ကိုင်ကာ ပြောလိုက်သည်။

Moa : ပြီးတော့ . . . သွေးထွက်တာတောင် သူ့ရဲ့ အနံ့ကို ဖုံးထားနိင်တယ် . . . မင်း . . . ဘယ်သူလဲ . . .

Moa တစ်ယောက်တည်း တွေးနေမိသည်။

Kolar : လည်ဆွဲရှိနေလို့ အနံ့မထွက်တာ . . . တော်သေးတယ် . . .

Kolar သက်ပြင်းချလိုက်မိရုံမှအပ။

Chapter - 13: " Half Vampire and Half Werewolf "

E . N . D

Aikoyuu

Attdar ကို Noa နဲ့ Zu ထဲက ဘယ်သူနဲ့ ရစေချင်ကြလဲဟင် 😉

Kolar ကိုကော ဘယ်သူနဲ့ ပိုရစေချင်လဲဟင်

အပန်းမကြီးရင် ပြောပြပေးခဲ့ပါနော် 😁

ကျေးဇူးတင်ပါတယ်

The End Of The Hate Where stories live. Discover now