Kyungsoo ရင်​ဘတ်​ထဲ ဆစ်​ခနဲ
NiNi က အခြားသူ တစ်​​ယောက်​အ​ကြောင်းတက်​ကြွစွာ​ပြော​နေသည်​ မဟုတ်​လား

"အင်းပါ .. NiNi ထမင်းများများစား​နော်​ "

"Nae "

"NiNi ​ရေ ... အရမ်းလွမ်းတယ်​ ...
အရမ်းလည်း ချစ်​တယ်​ 😘 "

"Hyung Saranghae "

End call ​လေး နှိပ်​ပြီး သူ့ရုံးခန်းထဲက
Sofa ​ပေါ်မှာသာ ​ခြေပစ်​လက်​ပစ်​ ထိုင်​ချ
လိုက်​သည်​ ...
နေ့လည်​စာ လား ...
မစား​တော့ပါဘူး ...NiNi မှ မပါဘဲ..

မျက်​လုံး​လေး ​မှေးစဉ်းကာ ဦး​ခေါင်းကို
သက်​​တောင့်​သက်​သာ ဖြစ်​​အောင်
မှီထားရင်း သူ့စိတ်​​တွေကို
အနား​ပေးထားလိုက်​သည်

သတိရလိုက်​တာ ... ​ကောင်​စုတ်​​လေး
ထမင်း​ကော ​ကောင်း​ကောင်းစားပါ့မလား
သူများနဲ့ ထမင်းစားတာ အဆင်​​ကော​ပြေပါ့
မလား ...

ပြေမှာပါ ...

အဆင်​မ​ပြေသူက သူကိုယ်​တိုင်​ပင်​ ...
တစ်​သက်​လုံး ခွဲဖို့မဆိုထားနှင့်
အခု ​နေ့လည်​စာ ​လေး တစ်​နပ်​ ခွဲစားရသည်​ကို သူ့မှာ ခံစား​နေရသည်​က ရင်​နှင့်​မဆံ့ ..

အွန်း ...👄

ရုတ်​တရက်​ကြီး သူ့နှုတ်​ခမ်းများ
အနမ်းခံလိုက်​ရတာ​ကြောင့်​ နမ်းတဲ့သူ
ရင်​ဘတ်​ကို တွန်းထုတ်​လိုက်​သည်

သို့​သော်​လည်း ရင်းနှီး​သော နှုတ်​ခမ်းအထိ
အ​တွေနှင့်​ အ​ငွေ့အသက်​ များ​ကြောင့်
နှစ်​လိုဖွယ်​ ပြုံးလိုက်​ကာ မျက်​လုံး​ဖွင့်​ရန်
ကြိုးစား​နေမှုများကို ရပ်​တန့်​လိုက်​သည်​ ...

ခ်​ခ်​ ...
NiNi ​ပြောတဲ့ အ​ရေးကြီးတဲ့ သူက
သူပဲကိုး ...​ကောင်​စုတ်​​လေး လူဆိုး​လေး
သူ့ကို ညာတယ်​ ...ဒီက လူဖြင့်​ အရူးကို
ဖြစ်​လို့ ... အားရပါးရ နမ်းပစ်​ဦးမယ်​ 😘😘

တစ်​​ယောက်​တစ်​ပြန်​နမ်းလို့ အားရ​တော့မှ
အလှပဆုံး​သော အပြုံး နှစ်​ပွင့်​ ပွင့်​အာလာ
ခဲ့သည်​ ...

"NiNi ကို လွမ်း​နေတာ မဟုတ်​လား "

"အင်း "

"မနက်​က Hyung ရဲ့ ပုံစံ​လေးကို
စွဲလမ်းမိသွားလို့ ဆုလာ​ပေးတာ "

"ဘယ်​လို ဘယ်​လို "

Jongin သူဝယ်​လာ​သော ထမင်းဘူးများ
ကို ​နေရာချလိုက်​ရင်း

"မနက်​က NiNi နဲ့ မခွဲနိုင်​ဘူးလို့
ပြောလိုက်​တဲ့ အချိန်​ Hyung က
NiNi အတွက်​ ပြီးပြည့်​စုံ ​သော လူသားပဲ "

"NiNi 😭 "

"Hyung ဆိုတဲ့ နာမ်​စား​လေးကို
ခေါ်လိုက်​ရရင်​ကို NiNi ရင်​ထဲ ​နွေး​ထွေးပြီး
ပြည့်​စုံ​နေတာ "

"(╥﹏╥) "

"အဲ့​တော့ဟ "

ထမင်းလိပ်​တစ်​ခုကို NiNi တစ်​ဖက်​က
ကိုက်​လိုက်​ကာ Kyungsoo နှုတ်​ခမ်း
နားတိုးလာသည်​ ...

ဂါး ... ဒီက​လေး လူကိုသတ်​​နေတာ
လာပြီး ညိှု့​နေတာ .. ဆွဲ​ဆောင်​​နေတာ
ပြုစား​နေတာ ... ရိုးရိုး​လေးလည်း ရင်​​ပေါက်​မတတ်​ ချစ်​​နေရတာကို ဒီလို အတတ်​​ကောင်း
တွေ ဘယ်​သူသင်​​ပေးလိုက်​လဲ မသိဘူး ...

Kyungsoo သူ့၏ အ​တွေးများကို
နှုတ်​ခမ်း များမှ ထုတ်​​ဖော်​ခွင့်​​တော့ အခွင့်​အ​ရေး မရ ...

Kyunsoo မအားပါ #
နှုတ်​ခမ်းထမင်းလိပ်​ စား​နေသည်​ #

____________TBC_____________

ပြီးပြည့်စုံသော ... နာမ်စား { Completed }Where stories live. Discover now